လာမယ့် အောက်တိုဘာ ၂၆ ရက်နေ့ ကျင်းပမယ့် One Championship ပြိုင်ပွဲမှာ နာမည်ကြီး MMA ဖိုက်တာ ဖိုးသော်လည်း ထိုးသတ်မှာဖြစ်ပြီး မလေးရှားနိုင်ငံသား ကီနူးဆက်ဘာနဲ့ ထိုးသတ်ရမှာ ဖြစ်ပါတယ်။ကီနူးဆက်ဘာဟာ အရင်ပွဲတွေမှာ အကောင်းဆုံး ထိုးသတ်နိုင်တဲ့အတွက် Training Camp ဝင်ပြီး အရင်ပုံစံနဲ့မတူအောင် လေ့ကျင့်ပြင်ဆင်ထားတယ်လို့ ဖိုးသော်က ပြောပါတယ်။ 

ဖိုးသော်ဟာ ကမ္ဘောဒီးယားနိုင်ငံသား ဆွာဆေးရဲ့ မျက်နှာကို ဖနှောင့်နဲ့ မိမိရရ တိုက်ခိုက်နိုင်ခဲ့ပြီး ပွဲချိန်ခဏအတွင်းမှာပဲ အနိုင်ရရှိထားသူလည်း ဖြစ်ပါတယ်။အခုပွဲဟာ ဖိုးသော်အတွက် ပြည်ပနိုင်ငံသားနဲ့ ထိုးသတ်ရတဲ့ ဒုတိယမြောက် ပွဲလည်း ဖြစ်ပါတယ်။ဆက်ဘာကလည်း ပရော်ဖက်ရှင်နယ် ၉ ပွဲကစားရာမှာ ၆ ပွဲနိုင် ၃ ပွဲ ရှုံးနိမ့်ထားပါတယ်။

ချန်ပီယံ မြန်မာ့စပါးကြီးမြွေ အောင်လဟာ မစ်ဒယ်ဝိတ်တန်းချန်ပီယံလုပွဲ ထိုးသတ်ရမှာဖြစ်ပြီး အောင်လနဲ့ ထိုးသတ်မယ့်သူကတော့ လက်ဘနွန်နိုင်ငံသား မိုဟာမက်ကရာကီ ဖြစ်ပြီး ၉ ပွဲထိုးသတ်ထားပြီး ရှုံးပွဲမရှိသေးတဲ့ မှတ်တမ်းကောင်း ရှိနေပါတယ်။ကရာကီဟာ ဖီးနစ်ချန်ပီယံရှစ်ပြိုင်ပွဲမှာ မစ်ဒယ်ဝိတ်တန်းချန်ပီယံဘွဲ့ကို ရှုံးပွဲမရှိဘဲ ထိန်းသိမ်းနိုင်ခဲ့သူ ဖြစ်ပါတယ်။

SOURCE: DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။