ဒီကနေ့ အောက်တိုဘာ ၁၈ရက်နေ့ နံနက် ၉နာရီ ၁၀မိနစ်ခန့်တွင် နေပြည်တော်-မန္တလေးလမ်းတွင် ဆိုးရွားလှတဲ့ ယာဉ်တိမ်းမှောက်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။ အဆိုပါ ယာဉ်တိမ်းမှောက်မှုကတော့ နေပြည်တော် -မန္တလေးလမ်း မိုင်တိုင် ၃၁၀/၃-၃၁၀/၄ ဖာလုံကြား တွင်ဖြစ်ပွားခဲ့တာဖြစ်ပြီး ယာဉ်တိမ်းမှောက်မှုကြောင့် သေဆုံးသူများစွာရှိခဲ့ကြောင်း သိရပါတယ်။   

အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် အမျိုးသားတစ်ဦးသေဆုံးခဲ့သည့်အပြင် မကြာသေးမီအချိန်က ကျောက်ဂူဆရာတော်ကြီးကြီးလည်း ပျံလွန်တော်မှုခဲ့ကြောင်း သတင်းရရှိပါတယ်။ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားချိန်မှာ ယာဉ်ပေါ်တွင်လိုက်ပါလာတဲ့ ကျောက်ဂူဆရာတော်နှင့်အခြား အမျိုးသား ၂ဦးကတော့ ထိခိုက်မှုပြင်းပြင်းထန်ထန်ရရှိခဲ့တာကြောင့် ဆေးရုံသို့ပို့ဆောင်ခဲ့ရပြီး အမျိုးသားတစ်ဦးကတော့ ယာဉ်တိမ်းမှောက်ရာနေရာမှာပဲ သေဆုံးခဲ့ကြောင်း ကနဦးသတင်းများရ သိရှိခဲ့ရပါတယ်။  

မကြာသေးမီက ဆေးရုံသို့ပို့ဆောင်ခဲ့ရတဲ့ ကျောက်ဂူဆရာတော်ကြီး ကမ္မဌာနစရိယဘဒ္ဒန္တက္ကန္ဒာဓရိယ ကတော့ ပျံလွန်တော်မှုသွားခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။ စိတ်မကောင်းစရာဖြစ်ပေါ်ခဲ့တဲ့ ဒီကနေ့ ယာဉ်တိမ်းမှောက်မှုပုံရိပ်တွေနဲ့ ဆရာတော်ကြီးရဲ့ ရုပ်ပုံတွေကို ဖူးမြင်နိုင်ရန် မျှဝေပေးလိုက်ပါတယ်။

Photos - Ko Myint 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။