ဖေဖော်ဝါရီ ၂၁ ရက်နံနက် ၁၁ နာရီခန့်က တောင်ငူပြည်သ့ူ ဆေးရုံကြီးတွင် သစ်ပင်စိုက်ဝင် ၍ လည်ပင်းထုတ်ချင်းပေါက် ဒဏ်ရာရရှိခဲ့သည့် လူနာကို အောင်မြင်စွာ ခွဲစိတ်ကုသပေး နိုင်ခဲ့သည်။ ကျောက်ကြီးမြို့နယ် ကျောက်ခဲကြီးကျေးရွာနေ ဦးမျိုး ခိုင် (၄၆ နှစ်)က ဖြစ်ပွားခဲ့ရ ခြင်းအကြောင်းကို ရှင်းပြရာ ''အဲဒီနေ့မနက်က ကျွန်တော့် သားနဲ့ ကျောက်ကြီးမြို့ အရှေ့ ဘက်တောင်ပေါ်ကိုထင်းသွားခုတ် တာ သစ်ပင်ကိုလှဲရာက နွယ်ပင်နဲ့ ရစ်ပြီးတင်နေလို့ တက်ဖြတ်လိုက် တာ ပြုတ်ကျပြီး အောက်မှာရှိတဲ့ သစ်ပင်က နားရွက်အောက်ကနေ လည်ပင်းကို ထုတ်ချင်းပေါက်ထိုး စိုက်ဝင်သွားတယ်။ သစ်ပင်က ရှစ်တောင်လောက်ရှိမယ်ထင်တယ်။ အဲဒါနဲ့သားကို အရင်းကဖြတ်ခိုင်းပြီး လှည်းနဲ့ ကျောက်ကြီးဆေးရုံကို ရောက်လာတယ်။

အဲဒီမှတစ်ဆင့် တောင်ငူပြည်သူ့ဆေးရုံကြီးကို လွှဲ လိုက်တယ်။ ဆေးရုံရောက်တဲ့အထိ သတိမမေ့ဘူး။ ခွဲစိတ်ခန်းဝင်ပြီး သတိပြန်ရလာတော့ လည်ပင်းက သစ်ပင်မရှိတော့ဘူး။ သေပြီလို့ မှတ်ထားတာ။ တောင်ငူဆေးရုံက ဆရာဝန်ကြီးတွေကိုလည်း အထူး ကျေးဇူးတင်ပါတယ်။ အခုဆိုရင် စားသောက်နိုင်နေပြီ''ဟု ရှင်းပြ သည်။ တောင်ငူမြို့ ပြည်သူ့ဆေးရုံ အုပ်ကြီး ဒေါက်တာခင်မောင်ဌေးက ''ကျွန်တော်တို့ဆီရောက်တဲ့ အချိန်ထိ လူနာက ကောင်းကောင်းသတိရ တယ်။ အာရုံကြောတွေကို ကံအား လျော်စွာလွဲသွားတယ်၊ အာရုံကြော အသေးလေးတွေတော့ ထိတာပေါ့ နော်။ ပြန်ချုပ်လို့ရတာတွေတော့ ပြန်ချုပ်ထားတာပေါ့။ စိုးရိမ်ရတဲ့ အခြေအနေ မရှိတော့ပါဘူး'' ဟု ရှင်းပြသည်။ ခွဲစိတ်ဆရာဝန် ဒေါက်တာနန္ဒအောင် ကလည်း ''ကျွန်တော်တို့ ပြင်ဆင်စရာရှိတာ ပြင်ဆင်ပြီး စိုးရိမ်စိတ်နဲ့ခွဲစိတ်ခန်း ဝင်ခဲ့တယ်။ လူနာက ကံကောင်းချင် တော့အဓိကအာရုံကြောတွေ၊ ပင်မ သွေးလွှတ်ကြောတွေမထိဘူး။ အခက် အခဲကတော့ မေ့ဆေးပေးတဲ့နေရာ မှာ လည်ပင်းဆိုတော့ သစ်ပင်က လည်းရှိနေတယ်၊ အသက်ရှူပိုက် ထည့်ဖို့မလွယ်ဘူး။ အဲဒါနဲ့ မေ့ဆေး ဆရာဝန်ကြီးက အဆင်ပြေအောင် လုပ်ပြီးခွဲစိတ်ကုသခဲ့ရတယ်။ အရေ ပြားတွေကို တစ်လွှာချင်းခွာပြီး သစ်ပင်ကို ဖယ်ရှားနိုင်ခဲ့တယ်။လက်ရှိအချိန်မှာတော့ လူနာရဲ့ အရေးကြီးလက္ခဏာတွေ အကုန် ကောင်းပါတယ်။ ခွဲစိတ်ကုသပေး တဲ့ ဆရာဝန်တွေက ဒေါက်တာ သန်းထွေး (ခွဲစိတ်အထူးကုဆရာ ဝန်ကြီး)၊ ဒေါက်တာနန္ဒအောင် (ခွဲစိတ်ဆရာဝန်)၊ ဒေါက်တာကုဋေ ဖြိုးဇော်(ခွဲစိတ်ဆရာဝန်)၊ ဒေါက်တာ ဇော်လွင် (မေ့ဆေးအထူးကု ဆရာဝန်ကြီး)နှင့် အကူသူနာပြု ဆရာမများက ကုသပေးခဲ့ ပါတယ်''ဟု ရှင်းပြသည်။

Source- Pann Pwint

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။