တိုးတက်ပြောင်းလဲ လာတဲ့ခေတ်နဲ့ အညီ လူတွေကိုသက်တောင့်သက်သာနဲ့နေထိုင်နိုင်အောင် စွမ်းဆောင်ပေးနိုင်တဲ့ ဇိမ်ခံပစ္စည်းတွေဟာလည်း အရမ်းကိုများပြားလာပါတယ်။ လူတွေရဲ့နေထိုင်မှုပုံစံလွဲမှားမှုတွေ ကြောင့် ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေနိုင်ပါတယ်။ ယခုခေတ်မှာ အိမ်တိုင်းလိုလို အလုပ်တိုင်းလိုလိုမှာ အဲကွန်းမရှိတဲ့နေရာဆိုတာ အလွန်ုကိုရှားပါး ပါတယ်။

အဲကွန်းလေ အောက်မှာ နေလို့ကောင်းပင့်မယ့် အချိန်ချိန်ကြာကြာအလုပ်လုပ်တဲ့ အခါ ကျန်းမာရေးကိုများစွာထိခိုက်နိုင်တာကို တွေ့ရပါတယ်။ အဲကွန်းလေ ကြာကြာခံခြင်းကြောင့် ဘယ်လိုဆိုးကျိုးတွေရရှိစေနိုင်တယ်ဆိုတာ ဖော်ပြပေးထားပါတယ်။

(၁) အဲကွန်းလေကို ကြာရှည်စွာခံမိတဲ့ အခါ မူးဝေခေါင်းကိုက်ခြင်း၊ အအေးမိနာစေးခြင်းနဲ့ စိတ်လက်မကြည်မသာဖြစ်ပြီး မောပန်းနွမ်းနယ်မှုကိုဖြစ်ပွားစေနိုင်ပါတယ်။

(၂) အဲကွန်းလေ ကြာရှည်ထိမိတဲ့အခါ အရေပြားမှာရှိတဲ့ အစိုဓာတ်ကိုခမ်းခြောက်စေနိုင်ပြီး အသားအရေ ခြောက်သွေ့ပျက်စီးမှုကို ဖြစ်ပွားစေနိုင်ပါတယ်။

(၃)အချိန်ကြာမြင့်စွာ အဲကွန်းလေကိုသုံးမိတဲ့ အခါ အဆစ်အမြစ်ရောင်ရမ်းခြင်း၊ အာရုံကြောများထုံထိုင်းခြင်း၊ သွေးဖိအားနည်းခြင်း စတဲ့ ရောဂါလက္ခဏာတွေကို ဆိုးရွားစွာခံစားရနိုင်ပါတယ်။

(၄)အပြင်လေနဲ့ ထိတွေ့မှု မရှိတဲ့အခါ ခန္ဓာကိုယ်မှာရှိတဲ့ ပုံမှန်အပူချိန်ဟာ လျော့ကျလာတဲ့ အတွက် ပြင်းထန်တဲ့ ဖျားနာမှုကိုဖြစ်စေနိုင်ပါတယ်။

(၅)အဲကွန်းလေ ကြာကြာခံခြင်းဟာ အသက်ရှူလမ်းကြောင်းကို ပိတ်စေနိုင်ပြီ အသက်ရှူမဝခြင်း နဲ့ အဆုတ်ကြောင့် ဖြစ်ပေါ်တတ်တဲ့ အဆုတ်ရောင်ရောဂါ (pneumonia) ကို ဖြစ်ပွားစေနိုင်ပါတယ်။ 

Source:www.globalnew.com

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။