လူ့လောက လူ့သဘာဝအရ မျိုးဆက်သစ်တွေထွန်းကားအောင် ပြုလုပ်နေကြပေမယ့် မွေးဖွားလာတဲ့ ရင်သွေးငယ်လေးတွေကတော့ တစ်ဦးနဲ့တစ်ဦးမွေးဖွားလာပုံခြင်းမတူညီကြပါဘူး။

ကောင်းကောင်းမွန်မွန် ကိုယ်လက်အင်္ဂါအပြည့်အစုံနဲ့ မွေးဖွားလာတဲ့ကလေးငယ်တွေလည်းရှိသလို ကိုယ်လက်အင်္ဂါချို့ချို့တဲ့တဲ့နဲ့ မွေးဖွားလာကြတဲ့ကလေးငယ်တွေလည်းရှိကြပါတယ်။

ကိုယ်လက်အင်္ဂါချို့ချို့တဲ့တဲ့ နဲ့မွေးဖွားလာသူတွေထဲမှာတော့ လက်ရှိထိုင်းနိုင်ငံမှာနေထိုင်နေတဲ့ ရင်ချင်းဆက် အမွှာညီအမလေးလည်းပါဝင်နေပါတယ်။

ထိုအမွှာညီအစ်မကတော့ တစ်ဦးနဲ့တစ်ဦးရင်ဘတ်ချင်းဆက်နေပြီး နှစ်ယောက်ပေါင်းမှ ခြေထောက်လေးနှစ်ချောင်းသာရှိကြတဲ့ အမွှာညီအစ်မလေးပဲဖြစ်ပါတယ်။

သူတို့ညီအစ်မနှစ်ယောက်ကတော့ အခုလက်ရှိအချိန်မှာဆိုရင် အသက် ၇ နှစ်ကျော်ကျော်ရှိနေပြီဖြစ်ပေမယ့် သူတို့အတွက်တော့ ထမင်းစားတဲ့အခါမှာပဲဖြစ်ဖြစ် လမ်းသွားတဲ့အခါမှာပဲဖြစ်ဖြစ် အခက်အခဲတွေများစွာရှိနေကြပါတယ်။

ဒီကလေးငယ်နှစ်ဦးနဲ့ တစ်ဦးနဲ့တစ်ဦးချစ်ခင်ကြတဲ့ ရင်ချင်းဆက်အမွှာတွေဖြစ်ကြပေမယ့် တချို့အကျင့်စရိုက်လေးတွေကတော့ မတူညီကြပါဘူး။ 

သူတို့လေးတွေဟာ အခြားကလေးငယ်လေးတွေနဲ့လဲ ပျော်ရွှင်စရာဆော့ကစားလေ့ရှိသလို သူတို့နှစ်ယောက်တည်းလည်း ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ ကလေးငယ်လေးတွေပဲဖြစ်ပါတယ်။

အခုလိုအောက်ပိုင်းခန္ဓာကိုယ်တစ်ခုထဲနဲ့ အသက်ရှင်နေရတာက သူတို့အတွက်အရမ်းခက်ခဲလှပေမယ့် ဒီအမွှာလေးကတော့ သူတို့ရဲ့ဘဝကို စိတ်ပျက်အားငယ်နေကြတဲ့ကလေးငယ်တွေတော့ မဟုတ်ကြပါဘူး။

ပရိသတ်တွေကိုလည်း ရင်ချင်းဆက်အမွှာလေးတွေက ဘဝမှာဘယ်လိုရပ်တည်နေတယ်ဆိုတာကိုသိရှိစေချင်တဲ့အတွက် သူတို့ရဲ့အသက်ရှင်နေထိုင်မှုကို ရိုက်ကူးထားတဲ့ ဗီဒီယိုလေးကိုပါ ဖော်ပြေပေးလိုက်ပါတယ်။

VIDEO CREDIT - Born Different

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။