မက်ဒေါနားဆိုတဲ့ နာမည်နောက်ကွယ်က လူမသိခဲ့တဲ့ သူ့ဘ၀ခါးသီးမှုတစ်ခုပါ မယုံနိုင်စရာပါပဲ 

နာမည်ကျော် ပေါ့ ဘုရင်မကြီး မက်ဒေါနားကို သိကြမှာပေါ့။သူမကတော့ အခုချိန်ထိ ဆယ်စုနှစ်တစ်ခုကြာ ဂီတလမ်းကြောင်းပေါ်မှာ အခက်အခဲတွေကြားကနေ အောင်မြင်ခဲ့သူတစ်ဦးဆိုလည်း မမှားပါဘူး။ ဒါပေမယ့် အောင်မြင်ကျော်ကြားတဲ့လူတိုင်းမှာလည်း သာမန်လူတွေ မသိနိုင်တဲ့ ဘ၀အတွေ့ကြုံတွေ ၊ အခက်အခဲဆိုတာက ရှိကြစမြဲပါ။

ပေါ့ဘုရင်မလို့ တင်စားခံရတဲ့ မက်ဒေါနားကို (၁၉၅၈)ခုနှစ် သြဂုတ်စ်လ (၁၆)ရက်က အမေရိကန်နိုင်ငံ မီဂျီကန် ပြည်နယ်မှာ မွေးဖွားခဲ့တာပါ။ သူမဟာ (၁၉၈၀)ခုနှစ်ဝန်းကျင်တွေမှာ ဂီတလောထဲကို စပြီး ပေါ့အဆိုတော်တစ်ယောက်အဖြစ် ခြေချခဲ့တာပါ။ မက်ဒေါနားက မောင်နှမ (၆)ယောက်မှာ (၃)ယောက်မြောက် ဖြစ်ပြီး သူမရဲ့ မိခင်ကတော့ အရင်က အကသမားတစ်ဦးဖြစ်သလို Xray ပညာရှင်လည်းဖြစ်ပါတယ်။ မိဘတွေက မီချီဂန် ကို ပြောင်းလာပြီး (၃)နှစ်အကြာမှာ သူမကိုမွေးဖွားခဲ့တာပါ။

အောင်မြင်တဲ့လူတိုင်းက ငယ်စဉ်က ဘ၀နာဖူးခဲ့သလို မခံချင်စိတ်နဲ့ကြိုးစားအားထုတ်မှုတွေကြောင့်သာ အောင်မြင်မှုဆိုတာကို လက်ဝယ်ပိုင်ဆိုင်ပြီး ကျော်ကြားမှုတွေကို ရရှိလာတာပါ။ ဒါကြောင့်မို့ သင်လည်း စိတ်ဓာတ်မကျပါနဲ့ ။ ကြိုးစားမှုကိုရင်းလိုက်ရင် အောင်မြင်မှု နဲ့ ကျော်ကြားမှုက သင့်နောက်ကို အလိုလိုလိုက်လာပါလိမ့်မယ်။

မိခင်ဖြစ်သူက ခရစ်ယာန်ဘာသာဝင် တစ်ဦးဖြစ်သလို ဘာသာတရားကိုင်းရှိုင်းသူဖြစ်တာကြောင့် မက်ဒေါနား ခရစ်ယာန်မူလတန်းကျောင်းနေတဲ့အချိန်တုန်းကဆိုရင် သူမတို့ မိသားစုက နေ့တိုင်း ဘုရားရှိခိုးဝတ်ပြုလေ့ရှိတယ်လို့ သူမအင်တာဗျုးတစ်ခုမှာ ပြောပြဖူးပါတယ်။ ဒါကြောင့် မက်ဒေါနားက “ ကျွန်မ ငယ်ငယ်ကတည်းက ခရစ်ယာန်သင်းအုတ်တွေ၊ သီလရှင်တွေရဲ့ မျက်စိအောက်အောက်မှာပဲ ကြီးပြင်းခဲ့ရတာများပါတယ်။” လို့ သူမက ပြောပြဖူးပါတယ်။

လောကဓံ ရိုက်ခတ်မှုတွေကို စတင်တဲ့အချိန်ကတော့ မိခင်ဖြစ်သူက သူမရဲ့ ညီမအငယ်ဆုံးလေးကို ကိုယ်ဝန်ဆောင်နေချိန် ဆေးစစ်ကြည့်လိုက်မှ ရင်သားကင်ဆာ ဖြစ်နေမှန်း သိခဲ့တာပါ။ သနားဖို့ကောင်းတာက မိခင်ဖြစ်သူဟာ ကလေးမွေးဖို့ ရက်မစေ့သေးတာကြောင့် သူမရဲ့ ရောဂါကိုတောင် ကုသဖို့ အချိန်တွေကြန့်ကြာခဲ့ရပါတယ်။

(၁၉၆၃)ခုနှစ်မှာ မိခင်ဖြစ်သူကွယ်လွန်ခဲ့စဉ်က မက်ဒေါနားတစ်ယောက် အသက်(၅)နှစ်လောက်ပဲရှိပါသေးတယ်။ “ အမေကြောင့် ကျမကိုကျမ ထိန်းကျောင်းပြီး အဆိုတော်တစ်ယောက်အဖြစ် အသက်မွေးဖို့ ဒီဆုံးဖြတ်ချက်ချနိုင်တာပါ။

အဓိကတော့ မိခင်တွေက သားသမီးတွေကို ဘယ်လိုနေထိုင်ရပ်တည်ရမလဲဆိုတာ သင်ပေးဖူးတဲ့ အကျိုးကျေးဇူးတွေပေါ့နော်။ လို့သူမက ပြောပါတယ်။ ဒါပေမယ့် ကျမ စည်းမျဉ်း တွေ သတ်မှတ်ချက်တွေကို မိခင်ဆီက မသင်ယူခဲ့ရပါဘူးလို့ မက်ဒေါနားကပြောပါသေးတယ်။

မက်ဒေါနား ရဲ့ အဖေဟာ နောက်အိမ်ထောင်ကျခဲ့ပြီးနောက်မှာ သူမက မိထွေးဖြစ်သူရဲ့ စည်းမျဉ်းသတ်မှတ်ချက်တွေနဲ့ ပုံသွင်းနေထိုင်ခဲ့ရတာပါ။ကျမ ကမွေးချင်းတွေထဲမှာ အလတ်မလေးဖြစ်ပြီး ယောက်ကလျှာ လိုပဲ ငယ်ငယ်က နေဖူးခဲ့တာပါ”လို့ လည်း ပွင့်ပွင့်လင်းလင်းထုတ်ပြောခဲ့ဖူးပါတယ်။

(၁၉၉၁)ခုနှစ်မှာ သူမ ထွက်ရှိခဲ့တဲ့ သီချင်းအယ်ဘမ်က အမေရိကန်တစ်နိုင်ငံလုံးမှာ အချပ်ရေ သန်း(၇၀) တောင် ရောင်းထွက်ခဲ့သလို Top Ten စာရင်းတောင် ၀င်ခဲ့ပါသေးတယ်။ သူမရဲ့ အသံအားကဘယ်လောက်တောင်ကောင်းပြီး ပေါက်သွားလဲဆိုရင်တော့ (၂၀၀၈)ခုနှစ်က ထုတ်ဝေတဲ့ နာမည်ကျော် Forbes မဂ္ဂဇင်း မှာတောင် ကမ္ဘာ့အချမ်းသာဆုံး အမျိုးသမီးအဆိုရှင်အဖြစ် တင်စားခြင်းခံခဲ့ရတာပါ။

အခုလက်ရှိအချိန်ထိလည်း ပေါ့အဆိုတော်တစ်ဦးဖြစ်တဲ့ မက်ဒေါနားဟာ နိုင်ငံသိတင်မက ကမ္ဘာကပါ သိတဲ့ ပေါ့ဘုရင်မ အဖြစ် နာမည်ကျော်ကြား လူကြိုက်များနေဆဲပါပဲ။ သူမက အိမ်ထောင်ကွဲနေပြီး ဆယ်ကျော်သက်အရွယ် သားတစ်ယောက်ရှိပေမယ့် အုပ်ထိန်းခွင့်မရသေးတာကြောင့် သားဖြစ်သူကို သတိရရင်း သီချင်းတွေဆိုနေဆဲပါလို့ သိရပါတယ်။

အောင်မြင်တဲ့လူတိုင်းက ငယ်စဉ်က ဘ၀နာဖူးခဲ့သလို မခံချင်စိတ်နဲ့ကြိုးစားအားထုတ်မှုတွေကြောင့်သာ အောင်မြင်မှုဆိုတာကို လက်ဝယ်ပိုင်ဆိုင်ပြီး ကျော်ကြားမှုတွေကို ရရှိလာတာပါ။ ဒါကြောင့်မို့ သင်လည်း စိတ်ဓာတ်မကျပါနဲ့ ။ ကြိုးစားမှုကိုရင်းလိုက်ရင် အောင်မြင်မှု နဲ့ ကျော်ကြားမှုက သင့်နောက်ကို အလိုလိုလိုက်လာပါလိမ့်မယ်။

Source : Hollywood star

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။