မိန်းကလေးအများစု သဘောကျရတဲ့ မင်္ဂလာပွဲမျိုးကျင်းပပြုလုပ်ခဲ့တဲ့ အာဘွိုင်းနဲ့ မြတ်ရတနာကျော်တို့ ဇနီးမောင်နှံကတော့ လက်ရှိမှာ သမီးလေးနဲ့အတူ ပျော်ရွှင်စရာ မိသားစုဘဝလေးကို ပိုင်ဆိုင်လို့ထားပါတယ်။ သမီးလေး Scarlett ကတော့ (၁) လပြည့်သွားပြီဖြစ်တယ်လို့ သိရပြီး သမီးလေးရဲ့ (၁) ပြည့်မွေးနေ့အတွက်လည်း မိဘမဲ့ဂေဟာတစ်ခုမှာ ကောင်းမှုကုသိုလ် ပြုလုပ်ခဲ့ပါသေးတယ်။ 

အာဘွိုင်းဟာ ပရိသတ်တွေကြား လူသိများသူတစ်ဦးဖြစ်သလို စီးပွားရေးလုပ်ငန်းရှင်တစ်ဦးလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဇနီးသည်နဲ့ မိသားစုအပေါ်လည်း ချစ်တတ်သူတစ်ဦးဖြစ်တဲ့ အာဘွိုင်းကတော့ သူ့ရဲ့ ခန္ဓာကိုယ်ပေါ်မှာ သေရာပါအမှတ်အသားအဖြစ် သမီးလေးနဲ့ ဇနီးသည်ရဲ့ နာမည်လေးကို Tatto ရေးထိုးခဲ့ကြောင်း သူ့ရဲ့ Instagram ဓာတ်ပုံတွေကတဆင့် သိရပါတယ်။ 

ဇနီးသည် မြတ်ရတနာကျော်ရဲ့ နာမည်အစဖြစ်တဲ့ "မြတ်" ဆိုတဲ့ စာလုံးနဲ့ သမီးလေး Scarlett အတွက် "S"ဆိုတဲ့ စာလုံးလေးကို ရေးထိုးခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ သမီးနဲ့ ဇနီးကိုချစ်တတ်တဲ့သူလို့ ပြောထားကြတာ တွေ့ရပြီး ပျော်ရွှင်စရာမိသားစု ကမ႓ာလေးကို ပိုင်ဆိုင်နိုင်ဖို့အတွက် ဆုမွန်ကောင်းတောင်းပေးထားကြတာကိုလည်း တွေ့ရပါတယ်။ 

Photo Source : Myat Yadanar Kyaw

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။