အောက်တိုဘာလဆန်းပိုင်းလောက်မှာ ကြွေလွင့်ခဲ့တဲ့ အနုပညာ မင်းသွေးရဲ့ နာရေးကို ကြွချီခဲ့တဲ့ ဆရာတော်ဘုရားကြီး ပျံလွန်တော်မူသွားပြီဖြစ်တယ်လို့ သိရပါတယ်။ အောက်တိုဘာလ (၁၈) ရက်နေ့က နေပြည်တော်-မန္တလေးအမြန်လမ်းမှာ ကားမှောက်သေဆုံးခဲ့တာ ဖြစ်တယ်လို့ သတင်းများအရ သိရပြီး အရှင် ဓမ္မပီယ အမည်ရ ဆရာတော်တစ်ပါးက ဒီအကြောင်းနဲ့ ပတ်သတ်ပြီး အသေးစိတ် ဖော်ပြထားတာ တွေ့ရပါတယ်။ 

"မင်းသွေးရဲ့ နာရေးမှာတောင်ကြွရောက်ခဲ့သေးသော

ဆရာတော်ဘုရားကြီး..

ဒုလ္လဘဝတ်နေတဲ့ နေတိုးဘယ်လောက်တောင် စိတ်မကောင်းဖြစ်နေရှာမလည်း..

8.10.2018နေ့က

မင်းသွေးနာရေး မိသားစုအလှူတုန်းကကြွပြီး

အမျှဝေပေးခဲ့သေးတဲ့ ကျောက်ဂူတောရဆရာတော်

ခု -18-10-2018 နေ့တွင်

နေပြည်တော်-မန္တလေး အမြန်လမ်း၌

ကားမှောက်ကာ ပျံလွန်တော်မူသွားပြီးဖြစ်သည်။

" နေ့မြင် ညပျောက်,ညမြင် နေ့ပျောက်

မွေးခန္ဓာက သေခန္ဓာနဲ့သာ နိဂုံးပြုလေ့ရှိသည်မို့လို့

ဘယ်လို မေးခွန်းမျိုးပဲ မေးမေး

သင်တို့ငါတို့အတွက် သူသူငါငါ

ယတိပြတ် ဆုံးဖြတ်လို့ရတဲ့ အဖြေမျိုးက

ငါတို့တွေ ငါတို့တွေဟာ သေမျိုးတွေဆိုတာပါပဲ"

အသက်ရှိနေခိုက် ကုသိုလ်ဟာ လမိုက် မဖြစ်စေဖို့

သတိထားပါ

အို....

မိတ်ဆွေတို့. .

သုတဂဝေသီပညာရေးဖောင်ဒေးရှင်း

18.1.2018" ဆိုုပြီး အသေးစိတ် ဖော်ပြရေးသားထားပါတယ် ပရိသတ်ကြီးရေ......

Photo Source : Dham Ma Piya

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။