မနေ့က အောက်တိုဘာလ ၁၈ရက်နေ့ နံနက် ၉နာရီ ၁၀မိနစ်ခန့်တွင် နေပြည်တော်-မန္တလေးလမ်းတွင် ဆိုးရွားလှတဲ့ ယာဉ်တိမ်းမှောက်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။ အဆိုပါ ယာဉ်တိမ်းမှောက်မှုကတော့ နေပြည်တော် -မန္တလေးလမ်း မိုင်တိုင် ၃၁၀/၃-၃၁၀/၄ ဖာလုံကြား တွင်ဖြစ်ပွားခဲ့တာဖြစ်ပြီး ယာဉ်တိမ်းမှောက်မှုကြောင့် သေဆုံးသူများပြားခဲ့ပြီး နာမည်ကြီးဆရာတော်ကြီးတပါးလည်း ပါဝင်ခဲ့ကြောင်းသိရပါတယ်။  

အဆိုပါ ဆရာတော်ကြီးကတော့ ကျောက်ဂူဆရာတော်လို့လူသိများတဲ့ ကမ်မဌာနစရိယဘဒ်ဒန်တက်ကန်ဒာဓရိယဟုသိရပါတယ်။ ဆရာတော်ကြီးကတော့ ပြည်တွင်းဒေသများစွာရှိ ဒကာ၊ ဒကာမများစွာရဲ့ ယုံကြည်လေးစားကိုးကွယ်နေတဲ့ ဆရာတော်တပါးလည်းဖြစ်တာတွေ့ရပါတယ်။ မကြာသေးမီက အဆိုတော်သရုပ်ဆောင် မင်းသွေးရဲ့ ရက်လည်တွင်လည်း ကြွရောက်တရားဟောကြားပေးခဲ့တဲ့ ဆရာတော်တပါလည်းဖြစ်ကြောင်းသိရပါတယ်။  

ဆရာတော်ပျံလွန်တော်မှုသည်ကို သိရှိခဲ့ရတဲ့ ဒကာ၊ ဒကာမများစွာကတော့ ဝမ်းနည်းပူဆွေးမှုတွေဖြစ်ပေါ်ခဲ့ရပြီး ဆရာတော်ရဲ့ အမှတ်တရပုံရိပ်တွေကို ပြသထားတာတွေ့ရပါတယ်။ အဆိုပါ ပုံရိပ်တွေမှာတော့ ဆရာတော်ရဲ့ လေးစားစရာအပြုအမှုလေးတွေနဲ့ ကြည်ညိုစရာအပြုံးတွေကိုတော့ တွေမြင်ရမှာပဲဖြစ်ပါတယ်။

Photos - Thant Phyoe Min Thant

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။