တခါတရံမှာတော့ တိရိစ္ဆာန်လေးတွေရဲ့ လူသားတွေကြားက သံယောဇဉ်တွေ မေတ္တာတရားတွေကြာ မမှန်းဆတတ်လောက်အောင် များပြားနေတဲ့ ဖြစ်ရပ်တွေရှိကြပါတယ်။

အခုအခါမှာဆိုရင်လည်း အမျိုးသမီးတစ်ဦးဟာ သူမရဲ့ခွေးလေးကိုသာမန်စနောက်မှုတစ်ခုနဲ့စနောက်ခဲ့ပေမယ့် ခွေးလေးရဲ့သခင်အပေါ်မှာထားတဲ့သံယောဇဉ်ဟာ ဘယ်လောက်ကြီးမားလဲဆိုတာကိုမြင်တွေ့ခဲ့ရပါတယ်။

ထိုအမျိုးသမီးကတော့ အမေရိကန်နိုင်ငံက Lauren Bright ဆိုတဲ့အမျိုးသမီးဟာ သူမရဲ့အိမ်အတွင်းက ရေကူးကန်မှာ ရေကူးရင်းနဲ့ သူမရဲ့ခွေးလေးကို စနောက်ခဲ့တာပဲဖြစ်ပါတယ်။

သူမစနောက်ခဲ့ပုံကတော့ သူမအနေနဲ့ ရေကူးကန်ထဲမှာရေနစ်နေတဲ့ ပုံစံနဲ့စနောက်ခဲ့တာဖြစ်ပြီး ဒီဖြစ်ရပ်ကိုမြင်တွေ့လိုက်တဲ့ သူမရဲ့ခွေးလေးကတော့ ရေကူးကန်ထဲကို ခုန်ဆင်းသွားပြီး သူမကိုကယ်တင်ခဲ့ပါတယ်။

ခွေးလေးကတော့ သူ့သခင်ရဲ့ဆံပင်ကို ပါးစပ်နဲ့ကိုက်ဆွဲကာ ယက်ကန်ယက်ကန်လေးနဲ့ရေကူးပြီး ကယ်တင်ခဲ့ပေမယ့် ခွေးလေးရဲ့သခင်ဖြစ်သူ Lauren Bright ကတော့ စနောက်နေတာဖြစ်တဲ့အတွက် ရယ်မောနေခဲ့တာတွေ့ရပါတယ်။ 

ဒီဖြစ်ရပ်လေးကို ခြုံကြည့်မယ်ဆိုရင်တော့ ခွေးလေးဟာ သူ့သခင်ရဲ့အသက်ကိုယ် စိတ်ပြင်းပြင်းပြပြနဲ့ ကယ်တင်ချင်တယ်ဆိုတာလေးက အထင်းသားပေါ်လွင်လွန်းလှပါတယ်။

လူတစ်ချို့ကတော့ ဒီဖြစ်ရပ်လေးကို အရမ်းရယ်စရာကောင်းတဲ့ အခိုက်အတန့်လေးလို့ပြောကြပေမယ့် သခင့်အပေါ် မေတ္တာကြီးလွန်းလှတဲ့ ခွေးလေးကတော့ တိရိစ္ဆာန်လေးတစ်ကောင်ဆိုပေမယ့် သူ့ရဲ့စိတ်ဓာတ်လေးကတော့ လေးစားစရာကောင်းလှပါတယ်။  

source - Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။