အမျိုးသမီးတွေရောအမျိုးသားတွေပါ တစ်ကိုယ်ရေသန့်ရှင်းရေးကိုဂရုစိုက်ရပါတယ်။ တစ်နေ့ကို ရေနှစ်ကြိမ် ချိုးပြီး အဝတ်အစားကိုလည်း သေချာလျော်ဖွတ်ပြီး မီပူးထိုးပြီးမှ ဝတ်ရပါတယ်။ မဟုတ်ရင် အဲဒီအဝတ်အစား တွေ ရေမချိုးခြင်းတွေကြောင့် ခန္ဓာကိုယ်က အနံ့ထွက်ရခြင်းဖြစ်ပါတယ်။ တစ်ချို့လူတွေဟာ ချိုင်းမှာ ချွေးထွက် ပြီး အနံ့လည်း ဆိုးဆိုးရွားရွား ထွက်တတ်ကြပါတယ်။ လူကြားထဲမှာ စိတ်အနှောက်ယှက်ဖြစ်ရတဲ့ ကိစ္စတစ်ခု ပါပဲ။

ဒီလိုဖြစ်ရတာဟာ မိမိခန္ဓာကိုယ်ရဲ့ ဟော်မုန်းပြောင်းလဲခြင်း၊ လည်ပင်းကြီးသိုင်းရွိုင် ရောဂါ၊ ဆီးချို၊ အဝလွန်ခြင်း၊ တီဘီရောဂါ စိတ်ဓာတ်ကျလွန်ရင်လည်း ချွေးအလွန်ထွက်တတ်ပါတယ်။ ပြီးတော့ ချွေးထွက်ပြီး ရင်တုန်မယ်၊ ဇောချွေးတွေ ပြန်လာမယ်၊ ညအိပ်ပျက်ရင်လည်း ခန္ဓာကိုယ်ဓာတ်မညီမျှတော့ပဲ အနံ့ထွက်လာတတ်ပါတယ်။ 

များသောအားဖြင့် အမျိုးသမီးတွေ အနေနဲ့ သွေးဆုံးခါနီး ရင်ချွေးထွက်ပြီး အနံ့ဆိုးတွေ ထွက်လည်း ရှိကြပါ တယ်။နောက်တစ်မျိုးက ကင်ဆာဖြစ်နေရင်လည်း ချွေးထွက်လွန်ကြပါတယ်။ ဒါကြောင့် မိမိမှာတစ်ကိုယ်ရေ သန့်ရှင်းရေးလုပ်ပါလျက်နဲ့ အနံ့ဆိုးတွေထွက်နေပြီဆိုရင်တော့ ဒါဟာပုံမှန်မဟုတ်ပဲ ခန္ဓာကိုယ်ထဲမှာ ဓာတ်ချို့ယွင်းနေတာတွေ၊ ရောဂါတစ်ခုခုခံစားနေရခြင်းတွေကြောင့် ဖြစ်နိုင်ပြီး တတ်နိုင်ရင် ဆရာဝန်နဲ့ တိုင်ပင် ပြသတာအကြောင်းဆုံးဖြစ်ကြောင့် တင်ပြလိုက်ရပါတယ်။

Source: jolly

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။