ပရိသတ်တွေရဲ့ ရင်ထဲနေရာယူထားတဲ့ အနုပညာရှင်တိုင်းရင်းသူလေးတွေဖြစ်တဲ့ ချစ်သက်နဲ့ ခင်လေးတို့ကတော့ မကြာခဏခရီးတွေ ထွက်နေတာပါပဲနော်..။ အနုပညာအလုပ်တွေနဲ့ မအားလပ်အောင် ခရီးတွေဆက်တိုက်ထွက်နေကြတဲ့ ချစ်သက်၊ ခင်လေးနွယ်နဲ့ မပုံ့တို့ သူငယ်ချင်းသုံးယောက်ကတော့ အခုလည်း စင်္ကာပူနိုင်ငံကို ဖျော်ဖြေရေးခရီးစဉ်နဲ့ ရောက်ရှိနေကြတာတွေ့ရပါတယ်..။ 

ခရီးစဉ်စတင်ထွက်ခွာကတည်းက ပုံရိပ်တွေကို ပြသထားပြီး ပျော်ရွှင်စရာခရီးစဉ်လေးအဖြစ်ဖြတ်သန်းနေကြတာတွေ့ရပါတယ်။ ဒီကနေ့ မှာလည်း ခင်လေးကတော့ သူမရဲ့ ဖေ့စ်ဘွက်စာမျက်နှာပေါ်တွင် စင်္ကာနိုင်ငံရောက် အမှတ်တရပုံလေးတွေနဲ့အတူ ဆော့ကစားနေကြတဲ့ ပုံရိပ်လေးတွေကို ပြသထားတာတွေ့ရပါတယ်။ အဆိုပါ ပုံရိပ်လေးတွေမှာတော့ သူငယ်ချင်းအားလုံးရဲ့ ပျော်ရွှင်စွာဆော့ကစားမှုတွေပါဝင်ပြီး ရာသီဥတုဆိုးရွားမှုကြောင့် ဖြစ်ပျက်ခဲ့တဲ့ ချစ်သက်၊ ခင်လေးတို့ရဲ့ပုံတွေကိုလည်း တွေ့ရမှာပဲဖြစ်ပါတယ်။ 

အဆိုပါ ပုံရိပ်လေးတွေကတော့ စင်္ကာပူနိုင်ငံရဲ့ အထင်ကရနေရာတစ်ခုဖြစ်တဲ့ Universal Studios Singaporeမှာ ရိုက်ကူးခဲ့တာဖြစ်ပြီး ခင်လေး၊ ချစ်သက်နှင့်အတူ သူငယ်ချင်းတွေပျော်ပျော်ရွှင်ရွှင်ဆော့ကစားရင်း ရိုက်ကူးခဲ့တဲ့ ပုံရိပ်လေးတွေကို တွေ့မြင်ရမှာပဲဖြစ်ပါတယ်။ ချစ်ရာကောင်းတဲ့ ပရိသတ်အချစ်တော်တွေရဲ့ ပျော်စရာခရီးစဉ်ပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

Photos - Khin Lay Nwe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။