Myanmar idol ပြိုင်ပွဲမှာ ပြုတ်သွားခဲ့ပေမယ့် မမျှော်လင့်ထားဘဲ Myanmar Idol စင်မြင့် ထက်ကို Pantene Wild Card နဲ့ ပြန်လည်ရောက်ရှိလာခဲ့တဲ့ ဇော်ကြီးကို ပရိသတ်တွေ မှတ်မိဦးမယ်ထင်ပါတယ် ။

အကဲဖြတ်ဒိုင်တွေကတောင် Wild Card နဲ့ ပြန်ခေါ်ရကျိုးနပ်တဲ့သူ တယောက်လို့ ချီးကျူးခံခဲ့ ရတဲ့ ဇော်ကြီးဟာ Wild Card နဲ့ ပြန်လာသူတွေထဲက TOP 3 အထိပါနိုင်ခဲ့တဲ့ တစ်ဦးတည်းသောသူဖြစ်ခဲ့တာပါ ။

ကံမကောင်းစွာနဲ့ဘဲ Myanmar Idol ရဲ့ Grand Final အထိ တက်ရောက်ဖို့ ရေပန်းစားနေသူ တဦးလည်းဖြစ်ခဲ့ပေမယ့် ပရိသတ် မျှော်မှန်းထားသလို ဖြစ်မလာဘဲ လွဲချော်ခဲ့ရတဲ့အတွက် သူ့ရဲ့ဖန်တွေ အရမ်းကို စိတ်မကောင်းဖြစ်ခဲ့ရပါတယ် ။

ဒါပေမယ့်လည်း သူ့ရဲ့ကြိုးစားမှုရလဒ် အနေနဲ့ သူ့ကိုချစ်ခင် ကြတဲ့ ပရိသတ်တွေ အမြောက် အများ ရရှိခဲ့ရတဲ့အတွက် ထိုက်တန်တဲ့ အောင်မြင်မှုတစ်ခုရရှိခဲ့ပြီလို့ဘဲ ဆိုရမှာပါဘဲ ။

လက်ရှိမှာတော့ သူက အနုပညာအလုပ်တွေကို ခေတ္တ ရပ်နားကာ သူ့ရဲ့ရွာလေးကို အလည်ပြန်ပြီး စိုက်ပျိုးရေးတွေ လုပ်နေတယ်လို့သိရပါတယ် ။

" ရွာပြန်ရောက်နေတယ်

ရေလောင်းပေါင်းသင်လုပ်နေတယ်

ဝိုင်းလုပ်ပေးမယ့်သူရှိလားသိပါရစေ

အားလုံး ကျန်းမာ ချမ်းသာကြပါစေဗျ " ဆိုတဲ့စာသားနဲ့အတူ သူ့ရဲ့စိုက်ပျိုးရေးတွေ ကြိုးစား ပမ်းစားလုပ်နေတဲ့ ပုံရိပ်တွေကို ပရိသတ်တွေကို မျှဝေထားတာဘဲ ဖြစ်ပါတယ် ။

အနုပညာလောကမှာ ထွန်းတောက်လာမယ့် ကြယ်ပွင့်လေးတွေ ဖြစ်တဲ့ Myanmar idol ပြိုင်ပွဲဝင်တွေထဲမှာ ဇော်ကြီးလဲ အပါဝင်ဘဲ ဖြစ်ပါတယ် ။

ဇော်ကြီးတစ်ယောက် အနုပညာအလုပ်တွေ ပရိသတ်အတွက် ကြိုးစားလုပ်ကိုင်ရင်း အောင်မြင်တဲ့အနုပညာရှင်ကောင်းတစ်ယောက် ဖြစ်လာဖို့ ပရိသတ်တွေကလည်း ဆုတောင်းပေးလိုက်ပါဦးနော် ။

ဇော်ကြီးရဲ့ချစ်ပရိသတ်တွေအတွက် ရွာပြန်ပြီးစိုက်ပျိုးရေးလုပ်နေတဲ့ သူ့ရဲ့ပုံရိပ်တွေကို ဖောြ်ပပေးလိုက်ပါတယ် ။

Source : Zaw Gyi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။