စိုးညီမလေးဖော်ဆိုတာနဲ့ ပရိသတ်ကြီးဘာကိုပြေးမြင်မိပါသလဲ။ မကြာခင်မှာ " မင်းသမီး " ပိုးထည်တိုက်ကို ဖွင့်လှစ်တော့မှာပဲဖြစ်ပါတယ်။ ဆိုင်ဖွင့်ခါနီးဖြစ်လို့ ညီမလေးယောက်လုံး အတော်လေးကိုအလုပ်တွေများနေကြတာပဲဖြစ်ပါတယ်။ ဒီလိုအလုပ်မအားတဲ့ကြားထဲက ညီမလေးယောက်သား ချစ်စဖွယ် ဟာသ Tik Tok Video လေးကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်။

ချစ်စရာကောင်းတဲ့ ညီမလေးယောက်က မင်းသမီးတွေဆိုတဲ့အတိုင်း တကယ်ကိုဟာသဖြစ်အောင် သရုပ်ေ်ဆာင်သွားပုံက ရယ်ချင်စရာလည်း ကောင်း ချစ်စရာလည်းကောင်းလွန်းပါတယ်။ အနုပညာလုပ်ငန်းတွေအပြင် ကိုယ်ပိုင်စီးပွားရေးအဖြစ်နဲ့ ပိုးထည်တိုက်ကိုဖွင့်လှစ်ခဲ့တာဖြစ်ပြီး မကြာခင်မှာပဲ ဆိုင်ဖွင့်ပွဲပြုလုပ်ပြီး ရောင်းချပေးတော့မှာပဲဖြစ်ပါတယ်။

သူမတို့ညီမလေးယောက်ရဲ့ချစ်စဖွယ် Video လေးကို " ဆိုင်ဖွင့်ခါနီးအလုပ်တွေတအားရှုပ်နေကြတာပါလေ " ဆိုပြီး စိုးပြည့်တစ်ယောက် တင်ထားတာပဲဖြစ်ပါတယ်။ တကယ်ကိုချစ်ဖို့ကောင်းတဲ့ မင်းသမီးလေးယောက်ရဲ့ အတွဲညီညီတင်ဆက်ပုံလေးက အသည်းယားချင်စဖွယ်မို့ ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။

Photo - Soe Pyae Tha Zin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။