အဆိုတော်၊သရုပ်ဆောင် ဟိန်းမင်းသူကတော့ ပြီးခဲ့တဲ့ရက်ပိုင်းကမှ Online Hacker တစ်ယောက်ရဲ့ cyber buullying လုပ်ခံရတာကြောင့် စိတ်ထိခိုက်ခဲ့ပြီး ဆေးရုံပါရောက်ခဲ့ရပါတယ်။ နှလုံးအမောဖောက်ပြီး ကျန်းမာရေးပါအခြေအနေထိခိုက်ခဲ့ရတဲ့ ဟိန်းမင်းသူက မကြာသေးခင်ကမှ ဂျပန်ဆေးရုံက ဆင်းခွင့်ရရှိခဲ့တာဖြစ်ပါတယ်။ သူအနေနဲ့ ဒီလိုစိတ်ထိခိုက်စရာတွေ ကြုံတွေခဲ့ရပြီးနောက်ပိုင်းမှာတော့ ပရိသတ်တွေရှေ့ ပထမဆုံးပြန်လည်ထွက်ပေါ်လာခဲ့ပါတယ်။

အောက်တိုဘာလ ၁၈ ရက်နေ့မှာတော့ ဟိန်းမင်းသူက သူရဲ့ facebook accout ကိုပြန်လည်ရရှိခဲ့ကြောင်းနဲ့ မကြာခင်မှာ ပရိသတ်တွေကို live လွှင့်မယ်ဆိုတဲ့စာသားတစ်ချို့ကို တင်ခဲ့ပါတယ်။ မနေ့က ညနေပိုင်းမှာတော့ ဟိန်းမင်းသူက ပရိသတ်တွေကို ကတိပေးထားတဲ့အတိုင်း live လွှင့်ပြီး ပရိသတ်တွေ သိချင်နေတဲ့မေးခွန်းတွေနဲ့ သူရဲ့ရှေ့ဆက်မယ့် အနုပညာ လှုပ်ရှားမှုတွေအကြောင်း စုံစုံလင်လင်ကို ဖြေရှင်းပြောပြပေးခဲ့ပါတယ်။

ဟိန်းမင်းသူအနေနဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး အရင်က ပြီးခဲ့တဲ့ကိစ္စအားလုံးကို မေ့ဖျောက်ပြီး စိတ်သစ်ကိုယ်သစ်နဲ့ ရှေ့ဆက်တော့မယ်လို့ live မှာပြောပြခဲ့ပါတယ်။ ဒါ့အပြင် ပရိသတ်တွေ အမြင်ကတ်စေမယ့် အပြုအမူတွေ ရှောင်ရှားသွားမှာဖြစ်ပြီး သူရဲ့မှားခဲ့တဲ့အကျင့်တွေကိုလည်း ပြင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ပထမဆုံးအနေနဲ့ အကောင့်ပြန်ရပြီး Live လွှင့်ခဲ့တဲ့ ဟိန်းမင်းသူရဲ့ဗီဒီယိုဖိုင်ကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Hein Min Thu;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။