မြန်မာလုပ်သားနှစ်ဦး သေဒဏ်အမိန့်ချခံရသည့်အပေါ် အဆင့်မြင့်တရားရုံးသို့ အယူခံ တင်ပြဖို့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ညွှန်ကြားထားကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူဦးဇော်ဌေးက ပြောကြားလိုက်ပါတယ်။

‘‘လိပ်ကျွန်းနဲ့ပတ်သက်ပြီးတော့ အတိုင်ပင်ခံရော၊ သမ္မတကြီးရော တော်တော်လေး စိတ်မကောင်းဖြစ်နေတယ်ပေါ့။ အဲဒီအတွက် အစိုးရဘက်က တတ်နိုင်သလောက် ဆောင်ရွက်ပေးဖို့ ညွှန်ကြားထားပါတယ်။လိပ် ကျွန်းနဲ့ပတ်သက်ပြီး အရင်တုန်းက ကော်မတီဖွဲ့ထားတာရှိတယ်။ ထိုင်းရောက် မြန်မာတွေထဲက ဥပဒေကျွမ်းကျင်တဲ့သူတွေ၊ အလုပ်သမားအရေး ဆောင်ရွက်တဲ့သူတွေ ရှိတယ်။အရင်တုန်းက ကိုအောင်မျိုးသန့်တို့၊ ဦးထူးချစ်တို့ ပါတယ်ပေါ့နော်။ သံရုံးက သံအမတ်ကြီးရယ်နောက် မြန်မာနိုင်ငံဘက်က ကျွမ်းကျင်သူတွေ ပါတာပေါ့။ အဲဒါကို ကျွန်တော်တို့က ပြန်ပြီးတော့ ဖွဲ့မယ်ပေါ့။ထိုင်းရှေ့နေများကောင်စီကို နောက်ထပ် တရားဝင်လုပ်လို့ရတဲ့ နည်းလမ်းနဲ့ပေါ့။ ထိုင်းနိုင်ငံရဲ့ ဥပဒေနဲ့အညီ ဘယ်လိုလုပ်လို့ ရမလဲဆိုတာ အသေးစိတ် ဆွေးနွေးပြီးတော့ ဆောင်ရွက်သွားမယ်။အခုအဆင့်က အမြင့်ဆုံး တရားရုံးဖြစ်တဲ့အတွက် အရေးကြီးပြီး ထိုင်းနိုင်ငံရှေ့နေများကောင်စီနဲ့ ပူးပေါင်းဆောင်ရွက် ဖို့လိုကာ အတိုင်ပင်ခံကလည်း အဲဒီလို ညွှန်ကြားထားပါတယ် လို့ ဦးဇော်ဌေးက ပြောကြားထားပါတယ်။

ဝင်းဇော်ထွန်းနဲ့ဇော်လင်းတို့ဟာ လိပ်ကျွန်းလူသတ်မှုနဲ့ သေဒဏ်အပြစ်ပေးခံထားရတာကြောင့် အယူခံတင်ပြပေမဲ့ ထိုင်းအောက်တရားရုံးက မတ်လ ၁ ရက်မှာ ပယ်ချပြီး သေဒဏ်အမိန့်ကို ထပ်မံအတည်ပြုပေးခဲ့တာ ဖြစ်ပါတယ်။ ထပ်မံ အယူခံတင်ပြမယ့် အဆင့်မြင့် တရားရုံးမှ လွတ်မြောက်တာမရှိပါက ထိုင်းနိုင်ငံ ဘုရင့်ထံ အသနားခံစာ တင်ပြဖို့သာ ကျန်ရှိတာ ဖြစ်ပါတယ်။

ှSource : 7daynews

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။