အူဝဲလို့ ပရိသတ်တွေချစ်စနိုးခေါ်ကြတဲ့ မြန်မာနိုင်ငံရဲ့ ထိပ်တန်းအနုပညာရှင် ပြည်သူ့အချစ်တော်တစ်ဦးဖြစ်တဲ့ မင်းသမီးချောအိန္ဒြာကျော်ဇင်ကတော့ အားလုံးရဲ့ အချစ်တွေကို သိမ်းပိုက်ထားသူလေးပဲ ဖြစ်ပါတယ်..။

ဆယ်စုနှစ်ကတည်းက အနုပညာလမ်းကြောင်းမှာ လျှောက်လှမ်းအောင်မြင်နေတဲ့ သူမကတော့ ယနေ့အချိန်ထိ ပရိသတ်တွေရဲ့ တခဲနက်အားပေးမှုတွေကို ရရှိပိုင်ဆိုင်ထားသူမို့ အားလုံးရဲ့ အသည်းကျော်မင်းသမီးချောတစ်ဦးဆိုလည်း မမှားပါဘူး..။

ပြည်သူ့သည်းကျော် မင်းသမီးချောအိန္ဒြာကျော်ဇင်ကတော့ နားလည်မှုတွေနဲ့ ချစ်ခင်ကြင်နာတတ်တဲ့ ခင်ပွန်းသည် မင်းသားချောပြေတီဦးအပြင် ချစ်စရာကောင်းလွန်းတဲ့ သားသားမီးမီးလေးတွေနဲ့အတူ သာယာပျော်ရွှင်တဲ့ မိသားစုလေးကို ပိုင်ဆိုင်ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်.. ။

ဇနီးမောင်နှံနှစ်ယောက်လုံးဟာ နာမည်ကျော်အနုပညာရှင်ဆယ်လီတွေဖြစ်ကြတာမို့ ပရိသတ်တွေနဲ့ ပါပါရာဇီတွေရဲ့ အမြဲစောင့်ကြည့်မှုတွေကို ခံနေရသလို အနုပညာလှုပ်ရှားမှုလေးတွေကိုလည်း ပရိသတ်တွေအမြဲပြန်လည်မျှဝေလေ့ရှိတာလည်း တွေ့ရပါတယ်..။

ဖက်ရှင်ဘုရင်အဖြစ် ပရိသတ်တွေတင်စားရလောက်အောင် စမတ်ကျကျလှပတဲ့ဖက်ရှင်တွေနဲ့ ဆွဲဆောင်နိုင်လွန်းတဲ့ သူမကတော့ အရွယ်တင်နုပျိုလွန်းလှသလို ခုတစ်ခါမှာလည်း မိသားစုလိုက်ချစ်စရာကောင်းတဲ့ အူဝဲတို့ရဲ့ ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေ မြင်တွေ့ရတော့မှာပဲ ဖြစ်ပါတယ်..။

ကြည်နူးပျော်ရွှင်မှုတွေနဲ့ ချစ်စရာကောင်းနေကြတဲ့ အူစဝဲတို့ မိသားစုပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo – Credit

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။