တစ်ယောက်နဲ့တစ်ယောက် အရမ်းချစ်ပြီး အမြဲလိုလို အတူတူတွေ့ရတတ်တဲ့ ပရိသတ်အချစ် တော် စုံတွဲလေးကတော့ သူရိယနဲ့ ဆုအိမ့်စံတို့ပဲဖြစ်ပါတယ်။

ဝါသနာလည်းတူ လျောက် လှမ်းနေတဲ့ လမ်းကြောင်းချင်းလည်းတူတာမို့ သံယောဇဉ်တွေက ထင်တာထက်ပိုပြီး ခိုင်မြဲ နေမယ်ဆိုတာ အသေအချာပါပဲ။

ဘယ်သွားသွားအမြဲ တပူးပူးတတွဲတွဲ တွေ့ရတဲ့ ဆုဆုနဲ့ သူရိယတို့ကတော့ တစ်ယောက်ကို တစ်ယောက် အရမ်းချစ်ကြပြီး ပရိသတ်တွေ အားကျရတဲ့ Idol couple လေးပါဘဲနော် ။

သူတို့နှစ်ဦးဟာအရမ်းကို ရှေ့သွားနောက်လိုက်ညီတာကြောင့် ပရိသတ်တွေရဲ့အချစ်ကို လည်း ခံယူရရှိ ထားကြပါတယ်။တစ်ယောက်ကိုတစ်ယောက် နားလည်ကြင်နာမှုတွေနဲ့ အမြဲဂရုတစိုက်ရှိတတ်ကြတဲ့ သူတို့စုံတွဲလေးရဲ့ ချစ်သူသက်တမ်းလေးကတော့ (၁)နှစ်နဲ့ (၈)လကျော်ခဲ့ပြီပဲဖြစ်ပါတယ်။ လတ်တလောမှာတော့ " ၂ယောက်အတူလျှောက်လည် ဟိုဝယ်ဒီဝယ် " ဆိုတဲ့စာသားလေးအတူ Shopping ထွက်နေတဲ့ သူတို့အတွဲရဲ့ပုံရိပ်တွေကို ပရိသတ်တွေကို မျှဝေပေးထားပါတယ် ။ အရမ်းကိုလိုက်ဖက်ပြီး ချစ်စရာကောင်းတဲ့ သူတို့အတွဲလေးကို ပရိသတ်တွေကလည်း အချစ်ပိုနေကြတာဘဲ ဖြစ်ပါတယ် ။

ပျော်စရာတွေအတူတူဖန်တီးပြီး သူရိယက ချစ်ပေးတာကြောင့် ဆုဆုတစ်ယောက် မိန်းကလေး အများစုလို ချင်တဲ့ ပျော်ရွှင်သာယာတဲ့ အချစ်ရေးလေးနဲ့ သိပ်ချစ်တတ်တဲ့ ချစ်သူကို ပိုင်ဆိုင်ထားသူ လေး ဖြစ်လို့နေပါတယ်။ ကိုယ့်ကိုအရမ်းချစ်ပြီး အမြဲတမ်းအလို လိုက်တဲ့ ချစ်သူတစ်ယောက်ကိုပိုင်ဆိုင်ထားရတဲ့ ဆုဆု ကတော့ အချစ်ရေးနဲ့ပက်သက်ပြီး အမျိုးသမီးတွေရဲ့ အားကျမှုကို ခံရသူလည်း ဖြစ်ပါတယ်။ အမြဲတမ်းနှစ်ယောက်သားကို အတူတူတွေ့ရတတ်ပြီး တစ်ယောက်နဲ့တစ်ယောက်လည်း အရမ်းကိုချစ်ကြတယ်ဆိုတာ ပုံရိပ်လေးတွေမှာပေါ်လွင်လွန်းနေပါတယ်။ ပရိသတ်ကြီးလည်း ကြည်နူးမိစေဖို့ တင်ဆက် ပေးလိုက်ပြီနော်။

Photo - Thuriya & Hsu Eaint San

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။