အိမ်အကူ(ပအိုဝ့်တိုင်းရင်းသူ) လေးကို လူမဆန်စွာ ညှင်းပန်းနှိပ်စက်နေမှု နိုင်ငံတော်အစိုးရ သိစေရန် နှင့် အမြန်ဆုံး ကူညီကယ်တင် ပေးပါရန်

အဆိုပါ ခေါင်းစဉ်ဖြင့် April Maung Maung ဆိုသူမှ အောက်ပါ အကြောင်းအရာအသေးစိတ်ကို သူ့ရဲ့ လူမှုစာမျက်နှာထက်မှာ တင်ထားတာတွေ့ရပါတယ်…

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် ရတနာပုံ တက္ကသိုလ် အနီး 'ဟိန်းအာကာ' အပ်ချုပ်ဆိုင်တွင် လာရောက် အလုပ် လုပ်က်ိုင် နေသော အိမ်အကူ မအေးကြင် (ပအိုဝ့်တိုင်းရင်းသူ) အဖ ဦးအိုက်နွမ်း (ကွယ်လွန်)

အမိ ဒေါ်အေးကြွယ် လာရှိူးမြို့နယ် နမ့်မွန်း ကျေးရွာတွင် နေထိုင်သူ အိမ်အကူ မိန်းကလေးအား ဆိုင်ရှင်ဖြစ်သူ ( ဒေါက်တာဦးအိုက်စံ ဇနီး ဒေါ်ဆောင်း )တို့မှ နှိပ်စက် ညှင်းပန်းနေ သည်ဟု တာဝန်သိ ပြည်သူ တစ်ယောက် မှ လာရောက် တိုင်တန်းသဖြင့် တောင်သမန်ကျေးရွာ အုပ်ချုပ်ရေးမှုး ဦးကျော်စိန် နှင့် အဖွဲ့မှ သွားရောက် ကယ်တင်၍ မိန်းကလေးအား လုံခြုံသော နေရာတွင် ထိန်းသိမ်းစောင့်ရှောက် ထားပါသည်။

-

ဖြစ်စဉ်မှာ။ ။

~~~~~~~~~

ဦးအိုက်စံ နေအိမ်တွင် အိမ်အကူအဖြစ် တစ်လ လျှင် ကျပ်ငွေ ငါးသောင်း ငါးထောင်ဖြင့် လာရောက် လုပ်ကိုင် နေသည်မှာ သုံးလခန့် ရှိပြီဟု သိရ

ပါသည်။ စတင် ရောက် ရှိသော လတွင် ပျော်ရွှင်အောင် ထားသော်လည်း နောက်ပိုင်း တွင် နည်းလမ်းမျိုးစုံဖြင့် နှိပ်စက်ခြင်း ကို ခံခဲ့ရပါသည်။

-

ညှင်းပန်းနှိပ်စက်မှုများ ။ ။

~~~~~~~~~~~~~~~~

ပိုင်ရှင်ဖြစ်သူ ဦးအိုက်စံမှ လက်သီးဖြင့် ထိုးခြင်း, ခြေထောက် ဖြင့် ကန်ခြင်း , ပါးရိုက်ခြင်း, ရေဇလုံထဲတွင် မျက်နှာနစ်၍ အသက်ရှူ၍ မရအောင် ပြုလုပ်ခြင်း, လက်ကို အပ်ဖြင့် လေးခိက်စိုက်၍ ပလာရာဖြင့် ဆွဲနှုတ် ခြင်း, ဒူးခေါင်းကို အပ်ဖြင့်စိုက်ပီး တူနှင့် အချက်ပေါင်း များစွာ ရိုက်နှက်ခြင်း, မျက်နှာကို အဝတ်စည်း၍ မော်တာ မောင်းထားသော ရေပိုက်ဖြင့် ထိုးနှက်ခြင်း, ဆံပင်

ဆွဲ၍ နံရံနှင့် တိုက်စေခြင်း, ဝိုင်ယာကြိုးဖြင့် ရိုက်နှက်ခြင်း, တာယာဖိနပ်ဖြင့် ပါးရိုက်ခြင်း တို့ကို ပြုလုပ်ခဲ့ပါသည်။

-

မဖွယ်မရာ ပြုလုပ်ရန် ခိုင်းစေခြင်း ။ ။

~~~~~~~~~~~~~~~~~~~~~~

အမျိုးသမီးငယ်အား အိမ်ရှင်အမျိုးသမီးမှ ခန္ဓာကိုယ် အပေါ်ပိုင်း အား ကိုယ်လုံးတီးချွတ်၍ အိမ်ရှင် အမျိုးသား၏ ရှေ့တွင် ပြသခြင်းကို ခံခဲ့ရပါသည်။ ဝိုင်ယာကြိုးဖြင့် ရိုက်နှက်၍ ငိုမိသောအခါ ပီနံအိတ်ထဲ ထည့်ပီး ရေနစ် သတ်မည်ဟု ခြိမ်းခြောက်ခဲ့ပါသည်။ အမျိုးသမီးငယ်၏ မိဘများမှာ မိခင်သာရှိ၍ စားဝတ် နေရေး မပြေလည်သူများ ဖြစ်ကြပါသည်။

-

ယခုဖြစ်စဉ်အား အမရပူရ မြို့နယ် ရဲစခန်းတွင် (၂၈.၂.၂၀၁၇ )ရက်နေ့တွင် သွားရောက် တိုင်တန်း ခဲ့သော်လည်း အိမ်ရှင်ဖြစ်သူ အမျိုးသားအား ခေါ်ယူ စစ်ဆေးပြီး ပြန်လွှတ်ပေးခဲ့သည်ဟု သိရှိရပါသည်။

-

ယခုကဲ့သို့ လူမဆန်စွာ ညှင်းပန်းနှိပ်စက်မှု ဖြစ်စဉ်အား အများသိစေရန် ဝိုင်းဝန်း ကုူညီဆောင်ရွက်ပေးကြပါရန် တိုက်တွန်း နှိုးဆော် အပ်ပါသည်။

-

ယခုဖြစ်စဉ်အား ကျွှန်တော် ကိုယ်တိုင် ကာယကံရှင် အမျိုးသမီးငယ်နှင့်

၃..၃..၁၇ ( မနက် - ၁ း ၀၀ )နာရီ အချိန်သွားရောက် တွေ့ဆုံပြီး

လိုအပ်သည်များကို ကူညီဆောင်ရွက် ပေးနေပါသည်။

-

သတင်းမီဒီယာများ ဆက်သွယ်မေးမြန်းလိုပါက

( နိုင်ရဲဝေ )၀၉-၉၇၂၂၂၂၀၀၃ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

==============

( ပေးပို့သူ ) - မနီနီဝေ

Source: April Maung Maung

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။