မကြာမီယှဉ်ပြိုင်တော့မယ့် နိုင်ငံဂုဏ်ဆောင် ကမ္ဘာ့လက်ဝှေ့ချန်ပီယံ အောင်လအန်ဆန်းကိုတော့ အားလုံးချစ်ခင်လေးစားကြမယ်ထင်ပါတယ်။ နိုင်ငံကိုယ်စားပြုယှဉ်ပြိုင်နေပြီး ကမ္ဘာ့နိုင်ငံအသီးသီးမှ ဖိုက်တာများစွာကို ထိုးသတ်နေသူတစ်ယောက်လည်းဖြစ်တာတွေ့ရပါတယ်။ အောင်လ ကတော့ လာမည် အောက်တိုဘာ ၂၆ရက်နေ့မှာတော့ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲကို ထိုးသတ်ရမှာပဲ ဖြစ်ပါတယ်။   

လက်ရှိ အောင်လအန်ဆန်းကတော့ ကြိုးစားလေ့ကျင့်မှုတွေအပြည့်နဲ့ အမိမြေကိုရောက်ရှိခဲ့ပြီပဲဖြစ်ပါတယ်။ ၂၆ရက်နေ့ ပြိုင်ပွဲကတော့ အောင်လအန်ဆန်းအတွက် ပြည်တွင်းနောက်ဆုံးပြိုင်ပွဲတစ်ပွဲဖြစ်ပြီး MMA ရှုံးပွဲမရှိဖိုက်တာ တစ်ဦးဖြစ်တဲ့ လက်ဘနွန်နိုင်ငံသား မိုဟာမက် ကရာကီနှင့် ထိုးသတ်ရမှာဖြစ်ပြီး ပြိုင်ဘက်ရဲ့ အားသာချက်အားနည်းချက်တွေကို ရင်ဖွင့်ပြောပြခဲ့တာတွေ့ရပါတယ်။  

ပြိုင်ဘက်ကစားသမား လက်ဘနွန်နိုင်ငံသား မိုဟာမက် ကရာကီရဲ့ ထိုးသတ်မှုပွဲစဉ်တွေကို ကြည့်ရှု့ပြီး အောင်လကတော့ ဒုတိယအချီမှာ အလဲထိုးသွားဖို့ ပြင်ဆင်ထားကြောင်းသိရပါတယ်။ ဒါအပြင် ပြိုင်ဘက်ကစားသမားရဲ့ အားသာချက်တွေဖြစ်တဲ့ ဂျူဂျစ်စုပညာပိုင်းနှင့် မြေအောက်လက်သီးအားတွေကို အဓိကပြင်ဆင်သွားမှာဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံးနည်းပြတွေနှင့် ဆက်လက်လေ့ကျင့်လျှက်ရှိကြောင်း သိရပါတယ်။ ချစ်ပရိသတ်ကြီး အောင်လရဲ့ အောင်မြင်မှုက သူ့ရဲ့ မိသားစုတင်မက ပြည်တွင်း လူမျိုးဘာသာအားလုံးအတွက် ပျော်ရွှင်မှုတစ်ခုဖြစ်ကြောင်းကို သက်သေပြရင်း အောင်လအန်ဆန်းရဲ့ ပွဲအတွက်အားပေးလိုက်ရအောင်နော်...။

PHOTOS - AUNG LA NSANG 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။