၂ဝ၁၉ အာဆီယံ ယူ-၂၂ ဘောလုံးပြိုင်ပွဲ အုပ်စုခွဲရာမှာ မြန်မာက အုပ်စု(ခ)မှာ မလေးရှား၊ အင်ဒိုနီးရှား၊ အိမ်ရှင် ကမ္ဘောဒီးယား၊ စင်ကာပူအသင်းတို့နှင့် ကျရောက်နေပါတယ်။အုပ်စု (က)မှာတော့ ဗီယက်နမ်၊ ထိုင်း၊ တီမော၊ လာအို၊ ဘရူနိုင်းနဲ့ ဖိလစ်ပိုင်အသင်းတို့ ပါဝင်နေပါတယ်။
မြန်မာအသင်းနေနဲ့ အုပ်စုကျပ်အတွင်းကို ကျရောက်နေတာပဲဖြစ်ပြီး ပြိုင်ဖက်တွေဖြစ်ကြတဲ့ မလေး ယခုနောက်ပိုင်းမှာခြေစွာနေတဲ့ အင်ဒို စင်ကာပူတို့နဲ့ ရင်ဆိုင်ရမှာပါ။ အာဆီယံ ဘောလုံးအဖွဲ့ချုပ်က စီစဉ်ကျင်းပတဲ့ ဒီပြိုင်ပွဲကို ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာဖြစ်ပြီး လာမယ့် ၂ဝ၁၉ ခုနှစ် ဖေဖော်ဝါရီလမှာ ကျင်းပဖို့ လျားထားပါတယ်။
မြန်မာ ယူ-၂၂ အသင်းကို ၂ဝ၁၉ ဆီးဂိမ်းပြိုင်ပွဲယှဉ်ပြိုင်မယ့်အသင်းအတွက်ရည်ရွယ်ကာ ၂ဝ၁၇-၁၈ ခုနှစ်အတွင်း မြန်မာ ယူ-၁၉ အသင်းမှာ ရွေးချယ်ခံရတဲ့ ကစားသမားအများစုနဲ့ ဖွဲ့စည်းမှာ ဖြစ်ပြီး ဦးကြည်လွင်က နည်းပြချုပ်အဖြစ် တာဝန်ယူဆောင်ရွက်မှာ ဖြစ်ပါတယ်။
SOURCE: DVB
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။