အဆိုတော် အာဘွိုင်းနဲ့ မင်းသမီးလေး မြတ်ရတနာကျော်တို့စုံတွဲလေးကတော့ ပြီးခဲ့တဲ့နှစ်ပိုင်းကမှ လက်ထပ်ထိမ်းမြားခဲ့တာဖြစ်ပြီး အခုဆိုရင် သမီးလေးတစ်ယောက်ပါ ပိုင်ဆိုင်နေရပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့စက်တင်ဘာလ ၁၆ ရက်နေ့မှာ မွေးဖွားခဲ့တဲ့ သူတို့နှစ်ဦးရဲ့ပထမဆုံးရင်သွေးလေးကိုတော့ အာဘွိုင်းက Sacrlett Phyo Tun လို့ ဘိုဆန်ဆန် အမည်ပေးခဲ့တာ ဖြစ်ပါတယ်။ ဖြူဖြူဖွေးဖွေးနဲ့ ချစ်စရာကောင်းတဲ့ Scarlett လေးက အခုဆိုရင် အသက် ၁ လပြည့်သွားခဲ့ပြီ ဖြစ်ပါတယ်။

Scarlett လေးက ပန်းနုရောင်သန်းတဲ့ ပါးနုနုလေးတွေနဲ့ အပြစ်ကင်းစင်ပြီး ချစ်စရာကောင်းတဲ့ မျက်နှာလေးတွေကြောင့် မြင်သူတိုင်းက ချစ်ရတဲ့ကလေးလေးတစ်ယောက် ဖြစ်ပါတယ်။ ဒါကြောင့်လည်း အာဘွိုင်းက သမီးလေးကိုလက်ကမချနိုင်အောင် အချစ်ပိုနေသလို သမီးလေးနာမည်နဲ့ ချစ်ဇနီးနာမည်ကို ကိုယ်ပေါ်မှာသေရာပါတက်တူးထိုးပြီး အချစ်တွေထုတ်ပြခဲ့ပါတယ်။ သမီးလေးအတွက် တက်တူးကိုတော့ Scarlett အတိုကောက် S ပုံစံနဲ့ နားနောက်မှာထိုးခဲ့တာ ဖြစ်ပါတယ်။

အခုလည်း မေမေမြတ်ရတနာကျော်က Scarlett လေးရဲ့ ချစ်စရာကောင်းတဲ့ ဗီဒီယိုလေးတစ်ခုကို သူမရဲ့ IG မှာ အသစ်တင်ထားတာ တွေ့ရပါတယ်။ ဒီဗီဒီယိုလေးမှာ Scarlett လေးက မေမေစီစဉ်ပေးတဲ့ massage time မှာ အသည်းယားဖွယ်ကောင်းလောက်အောင် အနှိပ်ခံရင်း ဇိမ်အပြည့်နဲ့ အနားယူနေခဲ့တာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ချစ်စရာကောင်းတဲ့ Scarlett လေးရဲ့ ဗီဒီယိုလေးကို အောက်မှာတင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Myat Yadanar Kyaw;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။