ရန်ကုန်တိုင်းဝန်ကြီးချုပ်က တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ မတ်လ ၂ ရက်က တွေ့ဆုံစဉ်မှာပြောကြားခဲ့တာဖြစ်ပါတယ် ။ ‘‘ထုတ်လုပ်မှုကာမိအောင် တက်ရမယ်လို့ပြောတယ်။ ထုတ်လုပ်မှုကာမိအောင်ဆိုတော့ ရန်ကုန်မှာ လျှပ်စစ်ထုတ်လုပ်ကုန်ကျစရိတ်က၁၃၀ နဲ့ ၁၃၅ ကျပ်မှာရှိနေတယ်။ ဒါကြောင့် အနည်းဆုံး သုံးဆလောက်တက်မှ ရမယ်။ အစိုးရက အရှုံးခံစိုက်ထုတ်ပေးနေရတယ်ဆိုတာလူထုကို ရှင်းပြပေးဖို့ ကိုယ်စားလှယ်တွေကို ဝန်ကြီးချုပ်က အကူအညီတောင်းတာပါ’ လို့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကပြောကြားထားပါတယ် ။မီတာခတိုးကောက်ဖို့ မတ်လ ၂၀ ရက်မှာ ကျင်းပမယ့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ ဆွေးနွေးမှာဖြစ်ပြီး လူထုအသံကို ထည့်သွင်းဆွေးနွေးမှာပါ။

မီတာခတွေတက်ပါက အိမ်သုံးမီတာတွေကို တက်လို့ မရသေးကြောင်း၊ တက်မယ်ဆိုပါကကြိုတင်အသိပေးမှာဖြစ်ပြီးအဆိုပါကိစ္စကို မတ်လ ၃ ရက်က တိုင်းဒေသကြီးအစိုးရက ဆွေးနွေးဖို့ ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်စက်မှုလက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဒေါ်နီလာကျော်က ပြောကြားထားတယ်လို့လည်း သတင်းမှာ ဖော်ပြပါတယ်။ ရန်ကုန်တိုင်းလျှပ်စစ်ကဏ္ဍအတွက် ပြည်ထောင်စုအစိုးရက နှစ်စဉ်ကျပ် ၄၅၀ ဘီလီယံခန့် စိုက်ထုတ်သုံးစွဲနေရတာဖြစ်ပါတယ်။

Source : 7daysnews

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။