"girlfriend" ဆိုတဲ့ သီချင်းလေးကို မြူးထူးပြီး ခုန်ပေါက်နေချင်စရာကောင်းလောက်အောင် ပရိသတ်တွေ နားယဉ်ပြီး ကြားဖူးနေခဲ့တဲ့ သီချင်းလေးကို သီဆိုခဲ့တဲ့ Avril Lavigne ဟာ "Pop Punk Queen" လို့ တင်စားရလောက်အောင် ဂျစ်ကန်ကန်နိုင်တဲ့ အဆိုတော်မလေးဖြစ်ပါတယ်။ (1990-1995) born တွေ ရင်းနှီးနေတဲ့ သီချင်းလေးတစ်ပုဒ်ဖြစ်သလို အဲ့ဒီသီချင်းလေးကို သီဆိုခဲ့တဲ့ Avril Lavigne ဟာ လက်ရှိမှာတော့ အသက်(၃၄) နှစ် ရှိပြီဖြစ်ပါတယ်။

"Let Me Go" ဆိုတဲ့ သူမရဲ့ နောက်ဆုံးသီချင်းတစ်ပုဒ်ကို ခင်ပွန်းဖြစ်သူ Chad Kroeger နဲ့ အတူ သီဆိုခဲ့ပြီး 2015ခုနှစ်မှာပဲ သူမရဲ့ ခင်ပွန်းနဲ့ ကွာရှင်းခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်း သီချင်းသစ်တွေ နောက်ထပ် မထွက်ရှိလာခဲ့တာ (၅) နှစ် ရှိပြီဖြစ်သလို တချို့က Avril ဟာ သေဆုံးသွားခဲ့ပြီး သူမနေရာမှာ အစားထိုး ပြောင်းလဲသွားတဲ့ သူမရဲ့ အမူအကျင့်တွေ၊ အကြိုက်တွေကို အတိအကျယှဉ်တွဲပြပြီး အခိုင်အမာ ဖြေရှင်းချက်တွေနဲ့ အတူ ပြောဆိုခဲ့ကြပါသေးတယ်။ 2018ခုနှစ် စက်တင်ဘာ(၁၉) ရက်နေ့မှာ တော့ သူမရဲ့ သီချင်းမထွက်ရှိတာ (၅) နှစ်ကြာပြီး မှ ပထမဆုံး ပြန်လည် ထွက်ရှိလာခဲ့တဲ့ Head Above Water (Official Video) လေးဟာ ထွက်ရှိခဲ့ပြီး အချိန်တိုလေးအတွင်းမှာ လူစိတ်ဝင်စားမှုများစွာ ရရှိခဲ့ပါတယ်။

မီဒီယာထက်ကနေ ပျောက်ဆုံးနေတဲ့ သူမအတွက် Billboard ကနေ သူမကို အင်တာဗျူးပြန်လည် မေးမြန်းခဲ့ပြီး သူမ(၅)နှစ်လောက် သီချင်းမထွက်ရှိရခြင်း အကြောင်းကတော့ သူမဟာ အသက်ရှင်ဖို့ အတွက် အရမ်းကို ခက်ခဲတဲ့ အခြေအနေနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ သူမ ခံစားနေရတဲ့ Lyme disease( Borrelia ဆိုတဲ့ဘက်တီးရီးယားကဖြစ်လာတဲ့ အရေပြားရောဂါ) ရောဂါကြောင့် အိပ်ယာထဲမှာ(၂) နှစ် လောက် လဲနေခဲ့ရပါတယ်။ ဘာမှ မလုပ်နိုင်ပဲ လဲနေခဲ့ရတဲ့ အချိန်တွေကို လက်ခံနိုင်အောင် ကြိုးစားခဲ့ရသလို သူမအနေနဲ့ သူမရဲ့ဘဝဟာ ရေထဲမှာ ခေါင်းနှစ်နေပြီး အသက်ရှင်ဖို့ ကြိုးစားနေသလိုပဲ လို့ရင်ဖွင့်ခဲ့ပါတယ်။

" Head Above Water" သီချင်းဟာ သူမ အသက်ရှင်ရဖို့ အတွက် အိပ်ယာထဲမှာ လဲလျောင်းပြီး ရေးခဲ့ရတဲ့ သီချင်း(၁) ပုဒ်ဖြစ်ပါတယ်။ အဲ့ဒီအချိန်ဟာ သူမအတွက် အရမ်းကို ခက်ခဲပြီး စိတ်ခံစားလွယ်ခဲ့သလို သူမကို ဘုရားကတော့ အသက်ရှင်ခွင့်ပေးထားခဲ့လို့ ရေနှစ်နေတဲ့ ပေမဲ့ ရေပေါ်မှာအသက်ရှူခွင့် ရနေတဲ့ အချိန်မျိုး ခံစားနေရတဲ့အတွက် ဆေးရုံပေါ်က အိပ်ယာထက်မှာ ဒီသီချင်းလေးကို ရေးသားခဲ့ပါတယ်။ ရဲ့ဘဝမှာ “Complicated” နဲ့ ဒီ " Head Above Water" သီချင်းဟာ သူမဘဝရဲ့ ခံစားချက် အစစ်အမှန် သီချင်းတွေ ဖြစ်ပါတယ်။

source:https://etcanada.com; 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။