မြန်မာ့လက်ရွေးစင် ဖူဆယ် အသင်းသည် တရုတ်နိုင်ငံ Qingdao မြို့သို့သွားရောက်ကာ လေ့ကျင့်ရေးများပြုလုပ်လျက်ရှိရာ ယင်းခရီးစဉ်အတွင်း ဝင်ရောက်ယှဉ်ပြိုင် ကစားလျက်ရှိသည့် Jimo International Friendly Futsal Cup ပြိုင်ပွဲ၏ တတိယမြောက် ပွဲစဉ်တွင် Qingdao Football Association Team ကို ၁၈-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။

Qingdao Football Association Team အသင်းနှင့် ပွဲစဉ်တွင် မြန်မာအသင်းအတွက်ဂိုးများကို ကျော်စိုးမိုးနှင့် ပြည့်ဖြိုးမောင် (၃)၊ မျိုးမြင့်စိုးတို့က သုံးဂိုးစီ၊ နိုင်လင်းထွန်းကျော်၊ ကိုကိုလွင်၊ ဝေဇင်ဦးတို့က နှစ်ဂိုးစီ၊ ငြိမ်းမင်းစိုးနှင့် သန့်ဇင်တို့က တစ်ဂိုးစီ သွင်းယူပေးခဲ့ပြီး Qingdao Football Association Team အသင်းက ကိုယ့်ဂိုးကိုယ် တစ်ဂိုးသွင်းယူခဲ့ပါတယ်။

အခြားပွဲစဉ်တစ်ပွဲအဖြစ် ယှဉ်ပြိုင်ခဲ့သော ပွဲစဉ်တွင် Qingdao Chen Xi အသင်းနှင့် Shen Zhen အသင်းတို့ ၄ ဂိုးစီ သရေ ဖြစ်ခဲ့သောကြောင့် မြန်မာလက်ရွေးစင် ဖူဆယ် အသင်းအနေဖြင့် အောက်တိုဘာလ ၁၉ရက်နေ့ မြန်မာစံတော်ချိန် နံနက် ၈း၃၀ အချိန်တွင် Qingdao Football Association Team အသင်းနှင့်ပင် တတိယနေရာ လုပွဲကို ထပ်မံ ယှဉ်ပြိုင် ကစားရမည် ဖြစ်ပါတယ်။

SOURCE: MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။