သြစတြီးယားနိုင်ငံရဲ့ အထက်ပိုင်း Gmunden ဒေသမှာ တည်ရှိတဲ့ ရွာငယ်လေးတစ်ရွာဖြစ်ပါတယ်။ ဘီစီ ၁၂ရာစု ဝန်းကျင်လောက်ကတည်းက ဆဲတစ် နဲ့ ပေါ်တိုဆဲတစ် လူမျိုးတွေဟာ ဒီနေရာဝန်းကျင်မှာ နေထိုင်ခဲ့ကြပြီး Hallstatt ယဉ်ကျေးမှု ထွန်းကားခဲ့တယ် လို့ သိရပါတယ်။

Hallstatt ရွာဟာ Salzkammergut တောင်ခြေက ရေကန်ကြီးအနီးမှာ တည်ရှိနေတာပါ။ 

တချိန်ကဒီနေရာကို ရေလမ်းခရီးနဲ့သာ သွားလို့ရပြီး ကုန်းလမ်းတွေကိုတော့ ၁၉ရာစုမှ စတင်ဖောက်လုပ်ခဲ့တာဖြစ်ပါတယ်။ သဘာဝအရင်းအမြစ်အဖြစ် ဆားထွက်ရာဒေသဖြစ်ခဲ့ပြီး သမိုင်းတလျှောက် ကြွယ်ဝခဲ့တဲ့ရွာဖြစ်ပါတယ်။လက်ရှိအချိန်မှာတော့ ဒီရွာလေးမှာ လူဦးရေ ၇၅၀ခန့် နေထိုင်နေပါတယ်။ သြစတြီးယားရဲ့ UNESCO ကမ္ဘာ့အမွေအနှစ် စာရင်းဝင် နေရာတစ်ခုလည်းဖြစ်ပါတယ်။

သြစတြီးယားရဲ့ ကမ္ဘာလှည့်ခရီးသွားလာမှုအများဆုံး နေရာတစ်ခုဖြစ်ကာ ဒီရွာလေးဟာအလွန်ကျဉ်းတဲ့အတွက် ခြေကျင်လျှောက်ပြီးသွားမယ်ဆိုရင်တောင် ၁၀မိနစ်နဲ့ တစ်ရွာလုံးနှံ့သွားမှာဖြစ်ပါတယ်။ ပရိသတ်ကြီး အတွက်အခုလို ထူးဆန်းတဲ့ နေရာလေးတွေကို ရှာဖွေ ဖော်ပြပေးအုန်းမှာမို့လို့ စောင့်မျှော်ဖတ်ရှုပေးပါအုန်းနော်။

Source : Thutazone 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။