ပြည်တွင်း အမြဲလိုလိုကြားနေရတဲ့ သတင်းတွေထဲမှာ ယာဉ်တိုက်မှုနှင့် ယာဉ်တိမ်းမှောက်မှုတွေကတော့ များစွာပါဝင်နေတာကိုအားလုံးလည်း သိကြမယ်ထင်ပါတယ်။ ယာဉ်မောင်းသူများရဲ့ စည်းကမ်းမဲ့မောင်းနှင်မှုတွေနဲ့အတူ သဘာဝဘေးအန္တရယ်တွေကြောင့် တိမ်းမှောက်မှုပိုမိုများပြားနေပြီး သေကြေ ဒဏ်ရာရရှိမှုတွေကတော့ မရေမတွက်နိုင်အောင်များပြားလျှက်ရှိတာတွေ့ရပါတယ်။    

ဒီကနေ့ အောက်တိုဘာလ ၁၉ရက်နေ့မှာလည်း ဆိုးရွားတဲ့ယာဉ်တိမ်းမှောက်မှုတစ်ခုကတော့ ထပ်မံဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ယာဉ်တိမ်းမှောက်မှုကတော့ မန္တလေး - မူဆယ်လမ်းရှိ ဂုတ်တွင်းမှာဖြစ်ပွားခဲ့တာဖြစ်ပြီး တင်ဆောင်လာသောကုန်တွေနှင့်အတူ တိမ်းမှောက်မှုဖြစ်ပွားခဲ့တာဖြစ်ကြောင်း သိရပါတယ်။ ယာဉ်တိမ်းမှောက်မှုကြောင့် တင်ဆောင်လာသော ကုန်ပစ္စည်းများ ပျက်စီးခဲ့ပေမယ့် လူထိခိုက်မှုမရှိခဲ့ကြောင်းသိရပါတယ်။  

အကွေးအကောက်ပေါများတဲ့ လမ်းတွေမှာ ကုန်တင်ကားအားလုံး ဖြည်းညင်းစွာမောင်းနှင်ကြရပြီး အန္တရယ်ရှိ လမ်းတစ်ခုအဖြစ်ကားသမားတွေကြားရေပန်းစားနေတဲ့ လမ်းတစ်ခုလည်းဖြစ်တာတွေ့ရပါတယ်။ ဒီကနေ့ တိမ်းမှောက်ခဲ့တဲ့ ကုန်အပြည်တွင်ကုန်ကားတစ်စီးတိမ်းမှောက်မှုပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

Photos - သရဲနီမှုဆယ်သား

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။