အာဆင်နယ်အသင်းကနေ ထွက်ခွာခဲ့ပြီးတဲ့နောက်ပိုင်းမှာ အသင်းလက်မဲ့ဖြစ်နေတဲ့ နည်းပြဝင်းဂါးဟာ ဘိုင်ယန်အသင်းနဲ့ ချိတ်ဆက်မှုတွေပြုလုပ်နေပြီး အသင်းကလည်းသူ့ကိုနည်းပြ ပြုလုပ်ဖို့အတွက် စဉ်းစားနေခဲ့ပြီလို့ သတင်းတွေထွက်ပေါ်လာပါတယ်။အာစင်ဝင်းဂါးက အသင်းတစ်သင်းကို နည်းပြပြုလုပ်ဖို့အတွက် အဆင်သင့်ဖြစ်နေပြီလို့ ဆိုခဲ့သလို ဘောလုံးလောကထဲ ပြန်လည်ဝင်ရောက်ဖို့အတွက်ပြင်ဆင်နေပြီလို့ ထုတ်ဖော်ပြောကြားခဲ့ပြီးမှာ အခုလိုသတင်းတွေထွက်ပေါ်လာပါတယ်။

ဘိုင်ယန်အသင်း ဥက္ကဌ အူလီဟိုးနက်စ် ၊ အသင်းရဲ့ chairman ရူမင်နစ်ဂီ နဲ့ အားကစားဒါရိုက်တာဖြစ်သူ ဆာလီဟာမီဇစ်တို့ (၃) ဦးလုံး အသင်းရဲ့သောကြာနေ့က ပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲတစ်ခုကို တက်ရောက်ခဲ့ကြပါတယ်။သူတို့ (၃) ဦးအခုလို တစ်စုတစ်ဝေးတည်း နောက်ဆုံးတက်ရောက်ခဲ့တာကတော့ ဂျက်ဟေးနက်စ်ကို ခန့်အပ်ခဲ့စဉ်က ဖြစ်လို့ဒီတစ်ကြိမ်မှာလည်း နည်းပြအပြောင်းအလဲဖြစ်တော့မယ်လို့ Blind သတင်းစာကနေ ဖော်ပြခဲ့ပါတယ်။ 

ဖရန့်ဖတ်အသင်းမှာ အောင်မြင်ခဲ့ပေမယ့် ဘိုင်ယန်အသင်းကို ရောက်ရှိခဲ့ချိန်မှာ အသင်းစီနီယာကစားသမားတွေနဲ့ အဆင်မပြေမှုတွေရှိနေခဲ့တဲ့ နည်းပြကိုဗက်ကတော့ ယခုနှစ်အတွက် ထိပ်တန်းအသင်းကြီးတွေထဲမှာ ပထမဆုံးထုတ်ပယ်ခံရဖို့ရေပန်းစားနေသူတွေထဲကတစ်ဦးဖြစ်ပြီး ဘိုင်ယန်အသင်းကလည်း လက်ရှိအဆင့် (၆) နေရာမှာ ရပ်တည်နေပါတယ်။ အသင်းရဲ့ ကစားသမားတွေကို ထိန်းချုပ်နိုင်ဖို့ ဝင်းဂါးလို ဝါရင့်နည်းပြတစ်ဦးလိုအပ်နေတာကို သိရှိခဲ့လို့ ဘိုင်ယန်အသင်း အခုလို စီစဉ်လာခဲ့တာဖြစ်ပါတယ်။

SOURCE: FOXSPORT

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။