မိန်းကလေးတော်တော်များများက ရည်းစားနဲ့ ပြတ်ပြီးတဲ့နောက်မှာ ဆံပင်ပုံစံပြောင်းလိုက်တာတို့ ပိုပြီးလှတာမျိုးတွေ ရှိတတ်ပါတယ်။

အခုလည်း Roar သီချင်းပိုင်ရှင် ပေါ့ပ်အဆိုတော် မိန်းမချောလေး ကပ်တီပယ်ရီက သူမရဲ့ ဆံပင်အရှည်ကို ညှပ်လိုက်ပါပြီတဲ့။ သူမဟာ တစ်နှစ်ကြာတွဲခဲ့တဲ့ ရည်းစားဟောင်း အော်လန်ဒို ဘလွန်းနဲ့ လမ်းခွဲပြီးနောက်မှာ စိတ်ထွက်ပေါက်အဖြစ် အခုလိုဆံပင်ပုံစံ ပြောင်းလိုက်တာနဲ့ တူပါတယ်။

အသက်(၃၂)နှစ်အရွယ် ပယ်ရီအတွက်တော့ ရင့်ကျက်တည်ငြိမ်တဲ့ပုံစံကနေ ဆံပင်အတိုခပ် ဟော့ဟော့ ဆယ်ကျော်သက် ကောင်မလေးတစ်ယောက်အသွင် ပြောင်းလဲသွားသလိုပါပဲ။ သူမရဲ့ ဆံပင်စတိုင်ကို ဟောလိဝုဒ်ဆယ်လီတွေနဲ့ အမြဲထိတွေ့နေရတဲ့ ဆံပင်ဒီဇိုင်နာ Chris McMillan ဆီမှာ ညှပ်ခဲ့တာဖြစ်တယ်လို့ အင်စတာဂရမ်မှာ တင်ထားပါတယ်။

ရုတ်တရက်ကြည့်ရင် မိုင်လေဆိုင်းရပ်စ်လားလို့တောင် အထင်မှားလောက်စရာပါပဲ။ သူတို့နှစ်ယောက်ကို အမြွှာညီအစ်မတို့ လို့ ပြောရင်တောင် ယုံကြမလားမသိပါဘူးနော်။

Source -Mail Online 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။