မနေ့က အောက်တိုဘာလ ၁၈ရက်နေ့ နံနက် ၉နာရီ ၁၀မိနစ်ခန့်တွင် နေပြည်တော်-မန္တလေးလမ်းတွင် ဆိုးရွားလှတဲ့ ယာဉ်တိမ်းမှောက်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။ အဆိုပါ ယာဉ်တိမ်းမှောက်မှုကတော့ နေပြည်တော် -မန္တလေးလမ်း မိုင်တိုင် ၃၁၀/၃-၃၁၀/၄ ဖာလုံကြား တွင်ဖြစ်ပွားခဲ့တာဖြစ်ပြီး ယာဉ်တိမ်းမှောက်မှုကြောင့် သေဆုံးသူများပြားခဲ့ပြီး နာမည်ကြီးဆရာတော်ကြီးတပါးဖြစ်တဲ့ ကျောက်ဂူဆရာတော်ကြီးလည်း ပါဝင်ခဲ့ကြောင်းသိရပါတယ်။   

ပြည်တွင်းကိုးကွယ်သူများစွာရှိနေပြီး ဖြူစင်မြင့်မြတ်တဲ့ စိတ်ထားပိုင်ရှင်တစ်ဦးဖြစ်ကြောင်းကိုလည်း ဒကာ၊ ဒကာမများစွာရဲ့ ချီးမွှန်းမှုတွေကြောင့် သိရပါတယ်။ အဆိုပါ ဆရာတော်ကြီးကတော့ ကျောက်ဂူဆရာတော်လို့လူသိများတဲ့ ကမ်မဌာနစရိယဘဒ်ဒန်တက်ကန်ဒာဓရိယဘွဲ့အမည်ရ ဆရာတော်တစ်ပါးဖြစ်ကြောင်း သိရပါတယ်။ ဆရာတော်ကြီးကတော့ ပြည်တွင်းဒေသများစွာရှိ ဒကာ၊ ဒကာမများစွာရဲ့ ယုံကြည်လေးစားကိုးကွယ်နေတဲ့ ဆရာတော်တပါးလည်းဖြစ်ပြီး ဆရာတော်ရဲ့ သီလသမာဓိနှင့် တရားတွေကတော့ ဒကာ၊ ဒကာမတွေ ရင်ထဲမှာ ဆွဲထင်ကျန်ရစ်နေသေးကြောင်း သိရပါတယ်။ အဆိုပါ ဒကာ၊ ဒကာမတွေထဲမှာ နိုင်ငံကျော်နာမည်ကြီး သရုပ်ဆောင်များစွာလည်း ပါဝင်နေတာတွေ့ရပါတယ်။ ဒီကနေ့ သရုပ်ဆောင်လူမင်းကတော့ ဆရာတော်ကြီးရဲက အတိတ်ကကြည်ညိုစရာပုံရိပ်တွေကို ပြသရင်းလွမ်းဆွတ်ခဲ့တာတွေ့ရပါတယ်။  

ကျောက်ဂူဆရာတော်ကြီးနှင့် ပတ်သက်ပြီး အနုပညာလောကသားတွေနဲ့ အခြားဒကာ၊ ဒကာမများစွာကတော့ ဝမ်းနည်းပူဆွေးမှုတွေဖြစ်ပေါ်ခဲ့ရပြီး ဆရာတော်ရဲ့ အမှတ်တရပုံရိပ်တွေကို ပြသထားတာတွေ့ရပါတယ်။ အဆိုပါ ပုံရိပ်တွေမှာတော့ ဆရာတော်ရဲ့ လေးစားစရာအပြုအမှုလေးတွေနဲ့ ကြည်ညိုစရာအပြုံးတွေကိုတော့ တွေမြင်ရမှာပဲဖြစ်ပါတယ်။ ပြည်တွင်း နယ်လှည့်သာသနာပြုဆရာတော်ကြီးတွေထဲမှာ အထင်ကရဆရာတော်တပါးဖြစ်တဲ့ ကျောက်ဂူဆရာတော်ကြီးရဲ့ ကြည်ညိုစရာပုံရိပ်တွေကို ဖူးမြော်နိုင်ရန် မျှဝေပေးလိုက်ပါတယ်။

Photos - Ayarwady LuMin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။