လူတစ်ယောက်ရဲ့ ကျန်းမာရေးက အစားအသောက်ပေါ်မှာ အများကြီး မူတည်နေပါတယ်။ ဒါ့အပြင် ဘယ်လို အကြောင်းကြောင့် ဖြစ်ဖြစ် မနက်စာကို မဖြစ်မနေ စားသုံးသင့်ပါတယ်။ အခြားသော နေ့လည်စာ၊ ညစာများထက် မနက်စာက လူတစ်ယောက်အတွက် အလွန်အရေးကြီးပါတယ်။ ဒါ့ကြောင့် မနက်စာ အဖြစ် ဘယ်လို အစားအစာတွေကို ရွေးချယ် စားသုံးသင့်လဲ ဆိုတာကို ဖော်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။ အားလုံး အတူတူ လေ့လာလိုက်ရအောင်နော်။

အုတ်ဂျုံ

အုတ်ဂျုံ (Oatmeal) (ကွေကာအုပ်လုပ်တဲ့ အမှုန့်) မှာ အမျှင်ဓာတ်တစ်မျိုးဖြစ်တဲ့ Beta-Glucan ဓာတ်ပါဝင်ပြီး ခန္ဓာကိုယ်အတွက် ကိုလက်စထရော ကျဆင်းအောင် ကူညီပေးနိုင်ပါတယ်။ ထို့အပြင် ဖောလစ်အက်ဆစ်၊ ပိုတက်ဆီယမ်နဲ့ Omega-3 Fatty အက်ဆစ်တို့လည်း ကြွယ်ဝစွာပါဝင်ပါတယ်။ အုတ်ဂျုံ (Oatmeal) ကို နွားနို့၊ ပျားရည်၊ အခွံမာ အသီးအနှံ များနှင့် တွဲဖက်စားသုံးလို့ ရပါတယ်။ သို့သော် သကြားပါတဲ့ အုတ်ဂျုံ (Oatmeal) တွေကို တော့ မနက်စာအဖြစ် ရှောင်ကြဉ်သင့်ပါတယ်။

Greek ဒိန်ချဉ်

Cream ပုံစံ ဒိန်ချဉ်အမျိုးအစားဖြစ်ပြီး ကယ်ဆီယမ်ဓာတ်တွေ၊ ပရိုတင်းဓာတ်တွေပါဝင်ပါတယ်။ Greek ဒိန်ချဉ်မှာ သာမန် ဒိန်ချဉ်တွေထက် ပရိုတင်းဓာတ် ၂ ဆ ပါဝင်ပါတာမို့ မနက်စာအဖြစ် စားသုံးသင့်ပါတယ်။

ငှက်ပျောသီး

ငှက်ပျောသီးမှာ ကစီဓာတ်တွေအပြင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကာဗိုဟိုက်ဒရိတ်ဓာတ်တွေ ကြွယ်ဝစွာပါဝင်တာမို့ ဗိုက်ပြည့်နေသလို ခံစားရမှာပါ။ ထို့အပြင် ပိုတက်ဆီယမ်ဓာတ်ကြွယ်ဝစွာပါဝင်ပြီး သွေးတိုးကိုလည်း ကျစေတာကြောင့် သွေးတိုးရှိသူတွေအဖို့ မနက်စာအဖြစ် စားသုံးသင့်ပါတယ်။ငှက်ပျောသီး တစ်မျိုးတည်းကိုတော့ မနက်စာအဖြစ် စားသုံးရင် ကျန်းမာရေးအတွက် မကောင်းပါဘူး။ ကွေကာအုပ်ထဲမှာ လှီးပြီးထည့်စားတာဖြစ်ဖြစ်၊ အစားအစာတစ်ခုခုနဲ့တွဲစားတာဖြစ်ဖြစ် စားသုံးသင့်ပါတယ်။

ကြက်ဥ

ကြက်ဥမှာ ပရိုတင်းဓာတ်တွေ ကြွယ်ဝစွာပါဝင်ပြီး ဗီတာမင် D လို အာဟာရဓာတ်တွေလည်း အများကြီးပါဝင်တာမို့ မနက်စာအဖြစ် စားသုံးနိုင်ပါတယ်။

ကော်ဖီ

ကော်ဖီက မနက်ခင်းကို လန်းလန်းဆန်းဆန်းနဲ့ တက်ကြွအောင် ကူညီပေးပါတယ်။ ကော်ဖီမှာ ကဖိန်းဓာတ်နဲ့ Antioxidants ဓာတ်တွေ ကြွယ်ဝစွာပါဝင်ပါတယ်။ အဆီတွေများတဲ့ နွားနို့နဲ့ ကော်ဖီရောသောက်တာကတော့ ကျန်းမာရေးအတွက် မကောင်းပါဘူး။ ဒါ့ကြောင့် အဆီထုတ်ထားတဲ့ နွားနို့နဲ့သာ ကော်ဖီကို တွဲသောက်သင့်ပါတယ်။

ဖော်ပြပါ အစားသောက်များကို မနက်စာအဖြစ် စားသုံးပြီး အားလုံးပဲ ကျန်းမာ ပျော်ရွှင်ကြပါစေ။

သတင်းအရင်းအမြစ် - Best food for breakfast (YouTube)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။