ငါးသေတ္တာငါးမှာ ကျန်းမာရေးအတွက် မရှိမဖြစ် အာဟာရတွေများစွာပါဝင်ပါတယ်။ နှလုံးရောဂါအပြင် ကင်ဆာလိုမျိုးရောဂါ ကိုတောင်ပျောက်ကင်းစေနိင်ပါတယ်။ ငါးသေတ္တာ(Sardine)ငါးဟာ ကယ်ဆီယမ်ဓာတ်တွေ လုံလုံလောက်လောက်ပါဝင်တဲ့အတွက် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေနဲ့ အသက်အရွယ်ကြီးသူတွေအတွက်အထူးသင့်လျော်ပါတယ်။

အိုမီဂါသရီးပါဝင်တဲ့အတွက် နှလုံးနဲ့ပတ်သတ်တဲ့ရောဂါတွေနဲ့ သွေးခဲခြင်း သွေးအားနည်းခြင်းတွေအတွက် အထူးသင့်လျော်ပါတယ် တဲ့ ငါးတစ်မျိုးဖြစ်ပါတယ်။ ငါးသေတ္တာငါးမှာပါတဲ့ ဗီတာမင် B-12 နဲ့ ဗီတာမင် D တို့ကလည်း နှလုံးသွေးကြောနဲ့ ပတ်သတ်တဲ့ရောဂါတွေကို မဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ဒီလို ဗစ်တာမင်တွေအပြင် သတ္ထုဓာတ်တွေဖြစ်တဲ့ သံဓာတ်၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ဇင့် ၊ ဖော့စ်ဖရပ်(စ်) နဲ့အသားဓာတ်တွေပါဝင်ပါသေးတယ်။

ဒီ ငါးသေတ္တာငါး (Sardine)မှာပါတဲ့ ပရိုတိန်းဓာတ်ကြောင့် ကြွက်သားတွေ အရိုးတွေပိုပြီးတော့သန်မာစေပါတယ်။ အသက်လေးဆယ်ကျော် အရိုးပွရောဂါ ခံစားနေရသောသူများစားသုံးသင့်ပါတယ်။ ဒါ့ကြောင့် ငါးသေတ္တာ(Sardine)ငါးဟာ နှလုံးရောဂါနဲ့ အရိုးအဆစ်တွေအတွက် အကောင်းဆုံးလို့ဆိုပါရစေ။

Source:www.healthline.com


"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။