ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့အနီးမှာ စွန့်ပြစ်ခံထားရတဲ့ ဂျုူလိုင် အမည်ရတဲ့ လသားအရွယ်ကြောင်လေးတစ်ကောင်ဟာ အဖြစ်ဆိုးနဲ့ ကြုံတွေ့ခဲ့တာပါ။

တစ်စုံတစ်ယောက် က အဆိုပါချစ်စဖွယ်ကြောင်လေးရဲ့ မျက်လုံးတွေ နဲ့ နားတွေကို အပ်ချည်နဲ့ ချုပ်ထားခဲ့တယ်လို့ သိရပါတယ်။

ဒီလိုရက်စက်ကြမ်းကြုတ်တဲ့လုပ်ရပ်ကို ဘယ်သူဘယ်ဝါကျုးလွန်တယ်ဆိုတာတော့ တိတိကျကျဖော်ပြမထားပေမယ့်ကြောင်လေးရဲ့ အဖြစ်ကိုတော့ အားလုံးသနားနေကြပါတယ်။

ကံကောင်းချင်တော့ ကြောင်လေးကို ကြောင်ချစ်တတ်သူ လီအိုနာရာ ကမ်ဘလာ ဆိုသူက တွေ့ပြီး ဂရုတစိုက် နဲ့သူ့အိမ်မှာခေါ်ဆေးကုသပေးထားတယ်လို့ သိရပါတယ်။

သခင်ကောင်းတစ်ယောက်နဲ့ ခုလိုတွေ့ပြီး သူ့မျက်လုံးနဲ့ နားက ချုပ်ရိုးဒဏ်ရာတွေကိုလည်းဖြည်ပေးထားတဲ့အတွက် တော်တော်လေးကို သက်သာနေတဲ့ပုံပါပဲ။

အခုနောက်ပိုင်းမှာတော့ ကြောင်လေးဂျုလိုင်ဟာ သခင်သစ်အိမ်မှာ အဖော်အသစ်တွေရပြီး ပျော်ရွှင်နေပါတယ်။

သတင်းအရင်းမြစ် Mail Online

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။