တော့တင် ဟမ်ဟော့စပါးတိုက် စစ် မှုး ဟယ် ရီကိန်း က သူ့ရဲ့ ကစားသမားဘဝမှာ စိုးရိမ်ထိတ်လန့်ရဆုံးအရာဟာ ဆုဖလားတွေကို မကိုင်မြောက်နိုင် မှာကိုဖြစ်တယ် လို့ ပြောဆိုသွားခဲ့ပါတယ် ။

အဲဗာတန်အသင်းနဲ့ တွေ့ဆုံဖို့အတွက် လေ့ကျင့်ခန်းတွေ ပြုလုပ် နေတဲ့ တိုက် စစ် မှုး ဟယ် ရီကိန်း က ဆုဖလားတွေ နဲ့ နီးစပ် ခဲ့ပြီးမှ လက် လွှတ် ခဲ့ရတာတွေအတွက် အရမ်းခံစားခဲ့ရတယ် လို့ဆိုသွားခဲ့ပါတယ်။ ပြီးတော့ ဆုဖလား ကိုင် မြောက် ဖို့ အမြဲ ရည် မှန်းထားတယ် လို့ ပြောဆိုသွားခဲ့ပါတယ် ။

“ကျွန်တော့ရဲ့ အကြီးမားဆုံး စိုးထိတ် မှုက တော့ ကျွန်တော့ကစားသမားဘဝမှာ ဘာဆုမှ မရလိုက် မှာကိုပါပဲ ။ ကျွန်တော့ရဲ့ ရည် မှန်းချက် က ဆုဖလားတွေကို ကိုင်မြောက် ဖို့ပါ ။ ကျွန်တော့ဘဝတစ် လျောက် ရနိုင် သမျှ ရယူချင် ပါတယ် ။ ကစားသမားဘဝကအနားယူသွားချိန် မှာ ရခဲ့တဲ့ ဆုတွေကိုပြန်ကြည့်ပြီး ကျွန်တော် ဘာလုပ် နိုင် ခဲ့တယ် ဆိုတာကို ပြန်တွေးပြီး ကြည် နူး ပျော် ရွှင် ချင် ပါတယ်” လို့ ဟယ် ရီကိန်းက ပြောဆိုသွားခဲ့ ပါတယ် ။

ဟယ် ရီကိန်း ဟာ ကစားသမားဘဝတစ် လျောက် ပထမဆုံးအကြိမ် ဆုဖလား နီးစပ် မှုအဖြစ် ၂၀၁၅ ခုနှစ် လိဂ် ဖလား ဗိုလ် လုပွဲကို ရောက် ရှိခဲ့ပါတယ် ။ ဒါပေမယ့် ဗိုလ် လုပွဲမှာ ချဲလ်ဆီး အသင်းကို ရှုံးနိမ့်ခဲ့ပြီး ချန်ပီယံ အဖြစ် နဲ့ လွဲချော် ခဲ့ရပါတယ် ။

Ref : Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။