ဘာကာအသင်းရဲ့ တိုက်စစ်မှူး လီယွန်နယ်မက်ဆီဟာ စနေနေ့က ကစားခဲ့တဲ့ ဆီဗီလာအသင်းနဲ့ပွဲစဉ်မှာ လက်ဒဏ်ရာရခဲ့တာဖြစ်ပြီး သုံးပတ်လောက်အနားယူရတော့မှာပါ။ မက်ဆီဟာ အင်တာမီလန်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်အပါအဝင် လာမယ့် အပတ် တနင်္ဂနွေနေ့ ကန်မယ့် ရီးရဲလ်ရဲမက်ဒရစ်အသင်းနဲ့ပွဲကိုလည်း လွဲချော်ရတော့မှာဖြစ်ပါတယ်။

မက်ဆီရဲ့ဒဏ်ရာသတင်းကို ဘာစီလိုနာ အသင်းဘက်ကလည်း အတည်ပြုပေးထားပြီး အာဂျင်တိုင်းသားဟာ ညာဘက်လက်မောင်းကျိုးဒဏ်ရာကြောင့် ခန့်မှန်းခြေသုံးပတ်လောက် အနားယူရတော့မယ်လို့ ကြေညာချက်ထုတ်ပြန်ပေးထားပါတယ်။မက်ဆီဟာ ဒီဒဏ်ရာကို ဆီဗီလားနဲ့ ပွဲပထမပိုင်းမှာ ရရှိခဲ့တာဖြစ်ပြီး အဲ့ဒီမတိုင်ခင် ဖိလစ်ပီကော်တင်ဟိုရဲ့ အဖွင့်ဂိုးကို ဖန်တီးပေးခဲ့ကာ သူကိုယ်တိုုင်လည်း ၁ ဂိုးသွင်းယူပေးခဲ့ပါတယ်။

အောက်တိုဘာ ၂၀ ရက်နေ့မှာ ယှဉ်ပြိုင်ခဲ့တဲ့ ဘာကာအသင်းနဲ့ ဆီဗီလာအသင်းတို့ ပွဲစဉ်မှာ ဘာကာအသင်းက ၄ ဂိုုး ၂ ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပြီး မက်ဆီဒဏ်ရာရပြီးတဲ့နောက်မှာမှ ဆွာရက်နဲ့ ရာကီတစ်တို့က ဂိုးသွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

I

source:DVB 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။