အများစုကတော့ ဆေးလိပ်သောက်ခြင်းရဲ့ ကျန်းမာရေး ဆိုးကျိုးများကို သိထားပြီးသားလည်း ဖြစ်နိုင်သလို တမင် လျစ်လျူရှုနေနိုင်တာလည်း ဖြစ်နိုင်ပါတယ်။ မသိသေးတဲ့ သူတွေပဲ ဖြစ်ဖြစ်၊ သိပြီးသား သူတွေပဲဖြစ်ဖြစ် ထပ်မံ သိစေဖို့နဲ့ သတိရှိစေဖို့အတွက် ဆေးလိပ်သောက်ခြင်းရဲ့ ဆိုးကျိုးများကို ဖော်ပြပေးလိုက်ပါတယ်။ ဆေးလိပ်သောက်ခြင်းက ဘာကောင်းကျိုးမှ မရှိသော်လည်း ဆိုးကျိုးများစွာ ရှိနေတာကြောင့် ဂရုစိုက် ဆင်ခြင်ကြဖို့ အကြံပေးလိုက်ပါတယ်။

ဆေးလိပ်သောက်ခြင်းမှ ရရှိစေနိုင်သော ကျန်းမာရေး ဆိုးကျိုးများမှာ -

- နှလုံးသွေးကြောကျဉ်းခြင်း။

- ရုတ်တရက် နှလုံးသွေးရပ်ခြင်း၊ လေဖြတ်ခြင်း။

- အဆုတ်ပြွန်ရောင်ခြင်း။

- အဆုတ်ကင်ဆာဖြစ်ခြင်း။

- ပါးစပ်၊ လျှာ၊ အစာပြွန်၊ လေမျိုပြွန်ဝ၊ ဆီးအိမ်ကင်ဆာနှင့် အခြားကင်ဆာများ ဖြစ်ပွားခြင်း။

- ခြေပုပ်၊ လက်ပုပ် ရောဂါဖြစ်ခြင်း။

- အမျိုးသားများတွင် အိမ်ထောင်ရေးသုခ အပြည့်အ၀ မခံစားနိုင်ခြင်း တို့ ဖြစ်စေနိုင်ပါတယ်။

အမျိုးသမီးများ ကိုယ်ဝန်ဆောင်ချိန်တွင် ဆေးလိပ်သောက်သုံးလျှင် -

- သားပျက် သားလျှောခြင်း၊ သားလွန်ခြင်း

- လမစေ့ဘဲ ကလေးမွေးဖွားခြင်း

- မွေးရာပါ ချို့ယွင်းချက် ပါလာခြင်း

- မီးတွင်း ကလေးသေဆုံးခြင်း

- ပေါင်မပြည့်သော ကလေး မွေးဖွားခြင်း

- ကလေးခန္ဓာကိုယ် ကြီးထွားမှု နှေးကွေးခြင်း တို့ ဖြစ်စေနိုင်ပါတယ်။

ဖော်ပြပါ ကျန်းမာရေးဆိုးကျိုးများက ဆေးလိပ်သောက်သုံးခြင်း၊ ဆေးပေါ့လိပ်၊ ဆေးပြင်းလိပ်၊ စီးကရက် အမျိုးမျိုး သောက်သုံးခြင်း၊ ကွမ်းဆေးစားခြင်း၊ ဆေးရွက်ကြီးငုံခြင်း စတဲ့ ဆိုးကျိုးများက အတူတူပဲ ဖြစ်ပါတယ်။ ဆေးလိပ်၊ ဆေးရွက်ကြီးတို့က စွဲစေတတ်တဲ့ အရာဖြစ်တာမို့ လုံး၀ အစ မပြုကြဖို့ တိုက်တွန်းချင်ပါတယ်။ အကယ်၍ အသုံးပြုနေသူများဆိုလျှင်လည်း လျှော့သုံးဖို့နဲ့ ဆေးလိပ်ဖြတ်ကြဖို့ အကြံပေးချင်ပါတယ်။ အားလုံးပဲ ကျန်းမာပျော်ရွှင်သော နေ့ရက်လေးကို ပိုင်ဆိုင်နိုင်ကြပါစေရှင်။

သတင်းအရင်းအမြစ် - WHO (Tobacco-Free-Initative-Project) 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။