အနုပညာရှင်တွေဆီက ရတဲ့ ကောက်ခံတဲ့ အခွန်ကို ပိုပိုက ဒီလိုမျိုး သုံးစေချင်ပါတယ်တဲ့ ..

မကြာသေးမီရက်ပိုင်းကပဲ အနုပညာလောကထဲက ဘယ်သူတွေက အခွန်ဆောင်လဲ ၊ အခွန်ရှောင်လဲ ဆိုတာကို ပရိသတ်တွေတော်တော်များများလည်း သိပြီးလောက်ပါပြီ။ အခွန်မဆောင်တာဟာ တကယ်တော့ နိုင်ငံကြီးသား မပီသတဲ့အတွက် တဖက်မှာလည်း ရှက်ဖို့ကောင်းလှပါတယ်

အဆိုတော်ပိုပိုကတော့ အခွန်ဆောင်တာနဲ့ ပတ်သက်ပြီး သူ့ရဲ့ ဖေ့ဘုတ်စ်စာမျက်နှာမှာ အခုလိုပဲ ပြောသွားတာပါ။ သူပြောသွားတဲ့ပုံအရ နိုင်ငံသားတစ်ယောက်အနေနဲ့ အခွန်ဆောင်သင့်သလို သူမကိုယ်တိုင်လည်း အခွန်ဆောင်မှာပါလို့ သိရပါတယ်။

အဆိုတော်တွေဘဝမှာ အခွေထွက်နိုင်ဖို့ကို တော်တော်လေးကြိုးစားရသလို ခိုးကူးခွေတွေ ၊ ခွင့်ပြုမိန့်မရဘဲ အွန်လိုင်းမှာ သီချင်းတွေအရင်ပျံ့နေတာနဲ့ပတ်သက်ပြီးတော့ နစ်နာမှုတွေရှိပါတဲ့။ Show ပွဲတွေက ဖျော်ဖြေခွင့်ရတဲ့ ငွေတွေနဲ့သာ လည်ပတ်နေရတယ်လို့သူမက ပြောထားပါသေးတယ်။

ဒါ့ကြောင့် အနုပညာရှင်တွေဆီက အခွန်ဆောင်လို့ရတဲ့ငွေတွေကို အခမဲ့ ဂီတအနုပညာသင်တန်းကျောင်းတွေဖွင့်ပေးစေချင်ပါတယ်လို့ လည်း ပိုပိုက အခုလို ပြောပါတယ်။

Source - Po Po FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။