ပရိသတ်ကြီးကို ဒီတစ်ခါ ဖော်ပြပေးမှာကတော့ နယူးဇီလန်ဝန်ကြီးချုပ် ရဲ့ လေးစားဖွယ်ရာ စိတ်ဓာတ်အကြောင်းအရာလေးကို မိတ်ဆက်ပေးချင်ပါတယ်။ Jacinda Ardern လို့အမည်ရတဲ့ နယးဇီလန်ဝန်ကြီးချုပ်ဟာ သူမအပါအဝင် နယူးဇီလန်နိုင်ငံရေးသမားတွေအားလုံးကို လစာမတိုးတဲ့ ဥပဒေကို ပြဋ္ဌာန်းဖို့ စီစဉ်နေတာပဲ ဖြစ်ပါတယ်။ နယူးဇီလန်လွှတ်တော်ဟာ မကြာသေးခင်က ဝန်ကြီးချုပ်အပါအဝင် နိုင်ငံရေးဝန်ထမ်းအားလုံးကို လစာတိုးပေးရန်လုပ်ခလစာရှင်းပေးရေးအာဏာပိုင်အဖွဲ့က စီစဉ်ထားတာပဲ ဖြစ်ပါတယ်။  

ဒါပေမယ့်လည်း ဒီအစီအစဉ်ကို ဝန်ကြီးချုပ်က လက်မခံပဲ ငြင်းပယ်ခဲ့လိုက်တာပဲ ဖြစ်ပါတယ်။ အကြောင်းအရင်းကတော့ သူမတို့ရဲ့ လစာဟာ သာမန်ပြည်သူတွေရဲ့ လစာထက် အဆမတန်ကွာခြားသွားမှာ စိုးလို့ပဲ ဖြစ်ပါတယ်။ တကယ်လို့သာ ဝန်ကြီးချုပ်ရဲ့ အဖွဲ့ဝင်တွေကို လစာတိုးပေးလိုက်မယ်ဆိုပါက ဝန်ကြီးချုပ်ဟာ တစ်နှစ်ကို နယူးဇီလန်ဒေါ်လာ၁၄ ၁၃၁ (သို့မဟုတ် ) အမေရိကန်ဒေါ်လာ ၁၀ ၂၀၀ ခန့်

တိုးသွားမှာပဲ ဖြစ်ပါတယ်။ ဝန်ကြီးများကလည်း တစ်နှစ်ကို နယူးဇီလန်ဒေါ်လာ ၈ ၀၀၀ ကျော် တိုးသွားကြမည်ဖြစ်ပြီး

အမတ်များသည်လည်း တစ်နှစ်လျှင် လုပ်ခ နယူးဇီလန်ဒေါ်လာ ၄ ၄၅၆ ပိုရကြမှာပဲ ဖြစ်ပါတယ်။ 

ယခုလို လစာတိုးပေးတာကို လက်မခံလိုက်တာဟာ နိုင်ငံရဲ့ ကုန်ကျနေတဲ့ အသုံးစရိတ်တွေကို တစ်စိတ်ပိုင်းကနေပီး အကူညီပေးနိုင်မှာ ဖြစ်ပီး နိုင်ငံသားတိုင်းကို ညီတူညီမျှအခွင့်ရေးရှိတယ်ဆိုတဲ့ သဘောထားကို ပြသလိုက်တာလည်း ဖြစ်တယ်လို့ နယူးဇီလန်ဝန်ကြီး ချုပ်က ပြောကြားခဲ့ပါတယ်။ သူမဟာ နယူးဇီလန် ဝန်ကြီးချုပ်ကို ၂၀၁၇ခုနှစ် အောက်တိုဘာ ၂၆ရက်နေ့တည်းက စပီး ယခုအချိန် တာဝန်ထမ်းဆောင်နေဆဲ ဖြစ်တယ်လို့လည်း သိရပါတယ်။ 

Source : D M 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။