ပြည်တွင်းရဲ့ အဓိကကိုးကွယ်ရာဘာသာတစ်ခုဖြစ်တဲ့ ဗုဒ္ဓဘာသာရဲ့နွယ်ဝင် သံဃာတော်တွေကိုတော့ အားလုံးကြည်ညိုလေးစားလျှက်ရှိတာတွေ့ရပါတယ်။ နေ့စဉ်နေ့တိုင်းပြုလုပ်ဆောင်ရွက်ရတဲ့ အာရုဏ်ဆွမ်းခံကြွမှုမြင်ကွင်းကိုတော့ ကျေးရွာတောရပ်ဒေသတွေတင်မက မြို့နယ်တိုင်းဒေသကြီးတွေမှာလည်း အမြဲလိုလိုတွေ့မြင်နေရပါတယ်။  

မနေ့က အောက်တိုဘာလ ၂၁ရက်နေ့တွင် အရုဏ်ဆွမ်းခံကြွလာသော သံဃာတော်တန်းကြီးကို ယာဉ်တစ်စီးတိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ အဆိုပါဖြစ်စဉ်ကတော့ မနေ့က အောက်တိုဘာလ ၂၁ရက်နေ့ မနက် ၄နာရီ မိနစ် ၄၀ အချိန်ခန့်တွင် စော်ဘွားကုန်းဘက်သို့ အရုဏ်ဆွမ်းခံကြွစဉ် ကားတစ်စီးအရှိန်မထိန်းနိုင် တိုက်မှုဖြစ်ပွားခဲ့တာဖြစ်ကြောင်း ဆွမ်းခံကြွစဉ်ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်လေးမှ သိရှိရပါတယ်။  

ယာဉ်တိုက်မှုကြောင့် ကိုရင်းတစ်ပါး ထိခိုက်မှုပြင်းထန်ခဲ့ကြောင်း သိရပါတယ်။ ဆိုးရွားတဲ့ဖြစ်စဉ်တစ်ခုဖြစ်ခဲ့ပြီး ဗုဒ္ဓဘာသာဝင်တိုင်းအတွက် ဝမ်းနည်းစရာဖြစ်ရပ်တစ်ခုဆိုလည်း မှားမယ်မထင်ပါဘူး။ လက်ရှိ အဆိုပါယာဉ်ကို ဖမ်းဆီးရမိခြင်းမရှိသေးပဲ ဆက်လက်စုံစမ်းလျှက်ရှိကြောင်း သိရပါတယ်။ မနေ့က ဖြစ်ပွားခဲ့တဲ့ အရုဏ်ဆွမ်းခံကြွကိုရင်တစ်ပါး ယာဉ်တိုက်မှုဗီဒီယိုဖိုင်လေးကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

Vedio - Ashin Vanna Siri

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။