ခုခေတ်မှာ ပလစ်စတစ်ဟာ လူသုံးကုန်ပစ္စည်းတွေထဲမှာ မသုံးမဖြစ်နေ့စဉ်သုံးနေရတဲ့ ပစ္စည်းတစ်ခုအဖြစ် အခိုက်မာတည်ရှိနေခဲ့ပါပြီး ။ဒီကမ္ဘာကြိးမှာ ပလစ်စတစ်မရှိရင်မဖြစ်တော့သလို ပလစ်စတစ်ကြောင့် ကမ္ဘာကြီးဟာ တစ်စစ ယိုယွင်းလာခဲ့ပါပြီး ဒါကြောင့် ခုသုံးနေကြတဲ့ ချေးတွန်းပစ္စည်းပလစ်စတစ်အစား ကျန်းမာ ရေးနဲ့ ညီညွတ်တဲ့ သဘာဝကပေးတဲ့ သပွတ်အူနဲ့ ချေးတွန်းလိုက်ကြစို့လို့ တိုက်တွန်းလိုက်ချင်ပါတယ်။ 

သပွတ်အူနဲ့ ချေးတွန်းခြင်းဖြင့် ပေါင်းတင်ပါး၊ တွေမှာရှိတဲ့ အရေပြားအောက်လွှာနားကအဆီတွေကို ချေပေးနိုင်ပြီး သွေးလည်ပတ်မှုကိုကောင်းကောင်း စီးဆင်းစေပါတယ်။ဒီသပွတ်အူနဲ့ ချေးတွန်းရင် တစ်ခြားသော ချေးတွန်းပစ္စည်းတွေနဲ့ ချေးတွန်းလိုက်လို့ မတော်တစ်ဆပွန်းပဲ့ သွားရင်အရေပြားတွေပျက်စီးနိုင်လို့ သတိထားပြီး သုံးရပါတယ်။ ဒါပေမဲ့ ဒီသပွတ်အူကတော့ ပွန်းပဲ့ခြင်းမဖြစ်စေပဲ လတ်ဆက်တယ် လန်းဆန်း တယ်။ အသားအရေတွက် မပူနဲ့ ချောမွတ်ပြီး တင်းရင်းစေတယ်။ 

လူတွေဟာ ချေးတွန်းရင် ကျောဘက်ကိုသိပ်တွန်းလည့်မရှိကြပါဘူး အမှန်ဆို ကျောဘက်ကို ပိုတွန်းပေးရပါမယ်၊ ကျောကိုတွန်းပေးခြင်းဖြင့် ခန ကိုယ်ရဲ့ ကိုယ်သင်းရနံ့လေးက သင်းနေသလို ပေါ့ပါးမှုကို လည်းခံစားရမှာဖြစ်ပါတယ်။ လူတွေကအလွယ်ရတာသုံးနေကြပေမဲ့ အဲဒီပစ္စည်းတွေဟာ ကျန်းမာရေးနဲ့ မညီ ညွတ်တာအမှန်ပါ။ ဒါကြောင့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သပွတ်အူကို သုံးဖို့တိုက်တွန်းလိုက်ပါရစေ။ 

Source: Jolly

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။