အချစ်ဆိုတာ ဘဝရဲ့အစိတ်အပိုင်း တစ်ခုပါပဲဆိုတာ နားလည်လာတဲ့တစ်နေ့ ၊ ပိုင်ဆိုင်ရမဲ့အရာနဲ့ လက်လွက်ရမယ့်အရာတွေကို ကောင်းကောင်းသိတတ်လာတဲ့တစ်နေ့ ငယ်ငယ်တုန်းက ကြိုးစားရင်ဘာမဆိုဖြစ်နိုင်တယ် ဒါပေမဲ့ လက်တွေဘဝမှာ ဘာတွေကြိုးစား ရမယ်၊ ဘာတွေလျစ်လျှုရှုရမယ် ဆိုတာသိလာရမဲ့ တစ်နေ့ အဲဒီလိုနေ့တွေကို ရောက်ရှိလာရင် သင်ဟာရင့်ကျက်လေပြီလေ။ 

အရှုံးဆိုတာ နာကျင်စရာမဟုတ်ဘဲ သင်ခန်းစာတွေယူတတ်လာမှ တစ်ကယ်အဖိုးတန်ပါ၊ ငယ်ငယ်တုန်းကတော့ သင်ယူတယ်ဆိုတာ ဂုဏ်ယူဖို့ပဲဦးတည်ချက်ထားခဲ့ပေမဲ့၊ နောက်ပိုင်းသင်ယူတယ်ဆိုတာ အသုံးချတတ်ရမယ်၊ ဝမ်းနည်းပေမယ့် ပြုံးနေရမယ် ရင်ထဲဝမ်းသာပေမယ့် တည်ငြိမ်အောင်နေတတ်ရမယ်၊ လူဆိုတာအကောင်းအဆိုး ရောနေတယ် ကောင်းတဲ့အချက်တွေကို မြင်အောင်ကြည့်ပြီး ပေါင်းတတ်ရမယ် လူတစ်ယောက်ရဲ့ ကောင်းကွက်ကို ကြည့်ပေါင်းမဲ့အစား အဆိုးတွေကိုလည်း နားလည်လက်ခံရလိမ်းမယ်၊

အရင်တုန်းကတော့အောင်မြင်မှုကိုရှာတယ် နောက်ပိုင်းမှာတော့ ရင်ထဲကယုံကြည်တဲ့ အောင်မြင်မှုကို ရှာတတ်လာရမယ်တဲ့ ဘယ်အချိန်မှာပြောရမယ် ဘယ်အချိန်မှာ နှုတ်ဆိတ် နေရမယ် ဆိုတာ အကင်းပါးတတ်ရမယ်၊ လူတွေရဲ့စကားကို ဂရုမစိုက်တတ်ပေမဲ့ ကိုယ်ရဲ့သိက္ခ တရား ကိုတော့ အလေးထားတတ်ရမယ် အဆိုးတွေနဲ့ ကြုံရတိုင်း ထိုင်တွေးဝမ်းနည်း နေမဲ့အစား ဒါတွေဟာ အခိုက်အတန့်ပါပဲ ဆိုတာသိတတ်ရပါမယ်၊ ဟုတ်ပါ တယ် စာဖတ်သူတို့လည်း ကိုယ်ဘဝမှာ ကိုယ်ထက်ဆရာ၊ဆရာမတွေ လူကြီးတွေပြော စကား တွေကို မှတ်သားလိုက်နားပြီး မိမိဘဝကို ပျော်ရွင်စွာ ဖြတ်သန်းနိုင်ကြပါဖို့ ဆရာရဲ့ စကားတွေနဲ့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ 

source by ဆရာအောင်သင်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။