တကယ့်ကို ခမ်းနား လှပတဲ့ သမ္မတအိမ်တော်တွေ ကမ္ဘာတစ်ဝှမ်းမှာရှိနေပါတယ်။ သူတို့ဆီလာရောက်ကြတဲ့ နိုင်ငံပေါင်း စုံက ဧည့်သည်တော်တွေကို ဧည့်ခံဖို့ ခုလိုခမ်းနားကြီးကျယ်လှပတဲ့ နန်းတော်တွေ နိုင်ငံတိုင်းမှာ ရှိနေပါတယ်။ဒီတော့ ကမ္ဘာတစ်ဝှမ်းက သမ္မနန်းတော်တွေထဲမှာ မှအလွန်လှပခမ်းနားတဲ့ နန်းတော် တစ်ချို့ကို စာဖတ် ပရိသတ်တွေအတွက် စည်စည် က ပြန်လည် ဝေမျှလိုက်ပါတယ်နော်.။
ပြင်သစ်က သမ္မတ အိမ်တော်
(၁၇၂၂) ခုနှစ်က စတင်ဖွင့်လှစ်ခဲ့တဲ့ ပဲရစ် Elysee နန်းတော်ဟာဆိုရင် (၁၈၄၈) ခုနှစ်တည်းက ပြင်သစ်သမ္မတစတင်နေထိုင်ခဲ့တဲ့ နေရာဖြစ်ပါတယ်။
ရုရှား ခရင်းမလင်း နန်းတော်
ရုရှားခရင်းမလင်း နန်းတော်ဟာ (၆၈)ဧက ရှိပြီးမြို့လယ်ခေါင်တည့်တည့်မှာ တည်ရှိတာဖြစ်ပါတယ်။ (၁၅) ရာစုက ဆောက်လုပ်ပြီးစီးတဲ့ ဒီနန်းတော်ကို ခေတ်အဆက်ဆက် ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒီနေ့ခေတ်မှာတော့ ရုရှား သမ္မတနေထိုင်နေပါတယ်။
တူရကီ သမ္မတ နန်းတော်
တူရကီနိုင်ငံ အန်ကာရာ မြို့မှာတည်ရှိတဲ့ တူရကီ သမ္မတနန်းတော်ကို အလယ်ခေတ် စတိုင်ဆောင်လုပ်ထားတာပါ။ ဒီအဆောက်အဦရဲ့ အကျယ်ဟာ ပေ(၃ ဒသမ ၂) သန်း ရှိတယ်လို့ သိရပါတယ်။ အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီက အိမ်ဖြူတော် (၁၈၁၄) ခုနှစ်က ဖျက်ဆီးခံလိုက်ရပြီးနောက် (၁၈၁၇) ခုနှစ်မှာ ပြန်လည်ဆောင်လုပ်ပြီးစီးခဲ့တာဖြစ်ပါတယ်။ ဒီအိမ်မှာဆိုရင် အခန်းပေါင်း (၁၃၂) ခန်း၊ရေချိုးခန်း(၃၅) ခန်းနဲ့အထပ်ခြောက်ထပ်ရှိပါတယ်။ ဒီအိမ်ကို အဖြူရောင် ဆေးသုတ်ဖို့ ဆေးဂါလန် (၅၇၀) ကုန်တယ်လို့ သိရပါတယ်။
ဂျာမနီက Bellevue နန်းတော်
ဘာလင်နန်းတော်ကို ဂျာမန် ဗိသုကာပညာရှင် မိုက်ကယ်ဖီးလစ်ဒန်နီရယ်ဘူမန် က ဥရောပနဲ့ဂရိ ရှေးဟောင်းဂန္တဝင်ပုံစံကို အခြေခံ ဆောင်လုပ်တာဖြစ်ပါတယ်။(၁၉၉၄) ခုနှစ်က သမ္မတတွေ တရားဝင်စတင်နေထိုင်ခဲ့တယ်လို့သိရပါတယ်။
Source - zambianobserve
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။