ကလေးငယ်တွေ သိပ်ကြိုက်ကြတဲ့၊ အိမ်မှာလဲမိခင်တွေ အလွယ်တကူလုပ်ကျွေးနေကြ ဒီအစားအသောက်တစ်မျိုးကနေ ကင်ဆာလေးမျိုးတောင်ဖြစ်နိုင်တယ်လို့ဆိုပါတယ်။

နိုင်ငံခြားမှာတော့ Hot Dog လို့ အမည်တွင်ပြီး နေ့စဉ်နီးပါး လူတိုင်းဝယ်ယူစားသောက်နေကြဖြစ်တဲ့ ကြက်အူချောင်းခပ်ကြီးကြီးကို ပေါင်မုန့်နဲ့ညှပ်၊ ဆော့စ်ဆမ်းပြီးစားတတ်ကြတဲ့ အဆိုပါမုန့်ကြောင့် ကင်ဆာလေးမျိုးအထိဖြစ်ပွားနိုင်ကြောင်း သတင်းရင်းမြစ်တစ်ခုကနေ ဖော်ပြခဲ့ပါတယ်၊ 

အကြောင်းကတော့ ကြက်အူချောင်းကို အရသာပိုရှိအောင် ပြုလုပ်တဲ့နေရာမှာ ပါဝင်တဲ့ပစ္စည်းတွေဖြစ်တဲ့ monosodium glutamate နဲ့ အထူးသဖြင့် Nitrites တွေပါဝင်တာကြောင့် အပူနဲ့ထိတွေ့တဲ့အခါ ကြက်အူချောင်းထဲ ဓာတ်ပြုပြီးထွက်လာတဲ့ ဓာတုပစ္စည်းတွေကြောင့် ကင်ဆာဖြစ်နိုင်ခြေ မြင့်မားပါတယ်။ ပန်ကရိယကင်ဆာဖြစ်ပွားနိုင်ခြေ ၆ရရာခိုင်နှုန်းထိရှိပြီး၊ အစာအိမ်ကင်ဆာ၊ ဆီးကျိတ်ကင်ဆာနဲ့ အစာရေမျိုပြွန်ကင်ဆာတို့ကို Hot Dog မှာပါဝင်တဲ့ ကြက်အူချောင်းစားသုံးမှုမြင့်တဲ့အလျောက် ရောဂါဖြစ်နိုင်ချေလဲ ပိုမိုများပြားတယ်လို့ဆိုပါတယ်။

Source : viral4real

Translated by Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။