အမျိုးသမီးတွေအနေနဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးကို အထူးဂရုစိုက်သင့်ပါတယ်။ အထူးသဖြင့်အမျိုးသမီးတွေ အနေနဲ့ မိန်းမကိုယ်အတွင်းမှာ ဖြစ်ပွားတတ်တဲ့ ဘက်တီးရီးယား တွေကိုဂရုစိုက်သင့်ပါတယ်။ ဘယ်လိုလက္ခ ဏာ တွေပြတတ်လဲဆိုတော့ ဘက်တီးရီးယားတွေ ပေါက်ပွားလာပြီဆိုရင် မိန်းမကိုယ်အနံ့ နံ့ခြင်း၊ ပုံမှန်အဖြူ ဆင်းတာထက် ပိုပြီးအရည်များဆင်းခြင်း၊ယားယံခြင်း၊ တို့ခံစားရတတ်ပါတယ်။

နောက်တစ်ဆင့်ကတော့ လိင်မှတစ်ဆင့်ကူးစက်တတ်ပါတယ်။ ဒီလိုမျိုးဘက်တီးရီးယားကြောင့် ရောဂါကူးစက် ပြီဆိုရင်တော့နီပြီ ရောင်ရမ်းလာတတ်ကြပါတယ်။ ပြီးတော့ အနီရောင် အကွက်တွေဟာ မိန်းမကိုယ်အပြင် ဘက်တွေမှာ တွေ့ရှိရတတ်ပါတယ်။ အဓီက အမျိုးသမီးတွေအနေနဲ့ မစင်စွန့်ပြီးတဲ့အခါမှာ စအိုကနေ အနောက်မှ အဆေးကိုမဆေးပဲ အရှေ့မှ အနောက်ကိုသာ ဆေးပေးရပါမယ်။

စိုထိုင်းတဲ့ အနေထားမထားသင့်ပါ။ အရမ်းကျပ်ထုတ်နေတဲ့ အတွင်းခံဘောင်ဘီးတို့ဝတ်ဆင်ခြင်းမှ ရှောင်ကြည် သင့်ပါတယ်။ ချည်ထည်ကို အဓိကထားဝတ်ပေးပါ။အတွင်းခံကို လျော်ဖွတ်ပြီး မီးပူထိုးဝတ်ပါ။ အတွင်းခံ တစ် ထည်တည်းကို ရက်ဆက်မဝတ်သင့်ပါ။ အထက်မှာဖော်ပြခဲ့တဲ့ လက္ခဏတွေခံစားနေရရင်တော့ ဆရာဝန်ဆီ သွားရောက်ပြသသင့်ပါတယ်။

Source: Jolly

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။