ကန်စွန်းဥကို အများစုကတော့ ပြုတ်စားကြပေမယ့် အချို့သူတွေ အနေနဲ့ကတော့ ဖုတ်စားတာမျိုးလည်း ရှိပါတယ်။ ကန်စွန်းဥက ဝယ်ရတာ လွယ်ကူပေမယ့် ဆောင်းဦးနဲ့ ဆောင်းရာသီမှာ ပေါ်တဲ့ ရာသီပေါ် အသီးအနှံတစ်မျိုး ဖြစ်ပါတယ်။ ကန်စွန်းဥက ခရမ်းရောင်နဲ့ လိမ္မော်ရောင် (တစ်ချို့က ရွှေဝါရောင်လို့လည်း ခေါ်ကြပါတယ်) ဆိုပြီး နှစ်မျိုးရှိပါတယ်။ ကန်စွန်းဥကို သရေစာ အဖြစ်သာ စားကြတာများပြီး ကျန်းမာရေး အကျိုးကျေးဇူးတွေ များစွာ ရှိတယ်ဆိုတာကိုတော့ သတိမထားမိကြပါဘူး။

ဒါ့ကြောင့် အခုဖော်ပြချင်တဲ့ အကြောင်းအရာလေးကတော့ ကန်စွန်းဥက ကျန်းမာရေးအတွက် များစွာ အသုံးဝင်တဲ့ အကြောင်းပဲ ဖြစ်ပါတယ်။ ကန်စွန်းဥမှာ ပရိုတင်းများ၊ အမျှင်ဓါတ်များ၊ သွေးကြောတွေကို ထောက်ပံ့ပေးတဲ့ ဘီတာကယ်ရို တင်း၊ သွေးပေါင်ထိန်းပေးသော ပို တက်ဆီယမ်၊ ဓါတ်တိုးဆန့်ကျင်အာနိ သင်ရှိသော ဗိုက်တာမင်စီနှင့် ဗိုက်တာမင်အီးတို့ ပါဝင်ပါတယ်။

ခရမ်းရောင်ရှိသောကန်စွန်းဥက အသည်းကိုကောင်းမွန်စေပါတယ်။ သွေးလည်ပတ်မှုအတွက်နဲ့ ဆီးချိုအတွက်လည်း စားသုံးရန်သင့်တော်ပါတယ်။ Anthocyanin ပါတာကြောင့် ဓာတ်တိုးခြင်းကို ထိန်းပေးပါတယ်။ သွေးတိုးခြင်းကို ထိန်းပေးတဲ့အတွက် သွေးတိုးသမားတွေလည်း စားသုံးသင့်ပါတယ်။

လိမ္မော်ရောင်ကန်စွန်းဥကတော့ Vitamin A,C,E ပါဝင်ပြီး အမြင်အာရုံအတွက် အထောက်အကူပြုပါတယ်။ သွေးချိုကို ထိန်းပေးပြီး လိမ္မော်ရောင် ကန်စွန်းဥကို အစိမ်းစားရင်ပိုပြီး အာနိသင်ရှိပါတယ်။ ကန်စွန်းဥကို ထမင်းအစားထိုးပြီး စားရင် ကိုယ်အလေးချိန် ကျစေနိုင်ပြီး ဆီးကို ကောင်းစေပါတယ်။

ဒါ့အပြင် ကန်စွန်းဥက အရိုးအဆစ်များ၊ သွေးကြောများဝန်းကျင်မှာ ဒုက္ခပေးတဲ့ရောဂါကိုလည်း ကာကွယ်နိုင်တဲ့ ဂုဏ်သတ္တိရှိပါတယ်။ ကန်စွန်းဥကို ပူနွေးစဉ် စားသုံးသင့်တယ်။ ကန်စွန်းဥမှာပါတဲ့ ဓါတ်တစ်ချို့က ဆီမှာ ပျော်လွယ်ပြီး အစာအိမ်က စုပ်ယူမှု အားကောင်းစေတာကြောင့် စားတဲ့အခါမှာလည်း ဆီနဲ့ တို့စားသင့်ပါတယ်။

သတိပြုရမှာကတော့ ကန်စွန်းဥမှာ အမည်းစက်လေးတွေ ပွင့်နေရင် အညှောင့်ပေါက်နေတာဖြစ်တာကြောင့် မစားသင့်တော့ပါဘူး။ အခန့်မသင့်ရင် အဆိပ်သင့်တတ်ပါတယ်။ အစာအိမ် အချဉ်ပေါက်တတ်သူတွေလည်း ရှောင်ကြဉ်သင့်ပါတယ်။ ဒါ့ကြောင့် ဒီလို ကန်စွန်းဥမျိုးကို မစားသုံးမိဖို့ အကြံပေးချင်ပါတယ်။

အားလုံးပဲ ကျန်းမာရေး ဗဟုသုတများတိုးပွားပြီး သာယာပျော်ရွှင်နိုင်ကြပါစေရှင်။

သတင်းအရင်းအမြစ် - readerdigest 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။