ယောင်္ကျားနဲ့မိန်းမအချင်းချင်း ခိုက်ရန်ဖြစ်ပွားရာကနေ တယောက်ယောက်နဲ့တစ်ယောက် သတ်မိတဲ့အထိ ဖြစ်ကုန်တာကနေ လူတွေမှာသာမဟုတ်ဘဲ တိရိစ္ဆာန်လေးတွေမှာလဲဖြစ်တတ်ဆိုတာလေးကို ဖြစ်ရပ်လေးတစ်ခုက သက်သေပြခဲ့ပါတယ်။

ဒီဖြစ်ရပ်လေးကတော့ အမေရိကန်နိုင်ငံ အင်ဒီယားနားပြည်နယ် အင်ဒီယာနာပိုလစ်မြို့မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ကလေးလေးတွေရဲ့အဖေ သူရဲ့ခင်ပွန်း ခြင်္သေ့ကြီးကို ခြင်္သေ့အမေကြီးက ပြန်လည်ကိုက်သတ်ခဲ့တာပဲဖြစ်ပါတယ်။  

ဒီခြင်္သေ့ကြီးနှစ်ကောင်ကိုတော့ တိရစ္ဆာန်ရုံအတွင်းမှာ ၈ နှစ်လောက်အတူထားခဲ့ရာကနေ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်မှာ ခြင်္သေ့လေး ၃ ကောင်းမွေးဖွားခဲ့ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ရက်ပိုင်းလေးမှာတော့ တိရစ္ဆာန်ရုံကဝန်ထမ်းတွေဟာ ခြင်္သေ့ဟိန်းသံတွေ မကြားစဖူးကြားနေရတာကြောင့် သွားကြည့်တဲ့အခါမှာ ြင်္ခင်္သေ့အမေကြီးက ခြင်္သေ့ကြီးတို့ အပြန်အလှန်တိုက်ခိုက်နေခဲ့တာကိုတွေ့ခဲ့ရပါတယ်။  

ဝန်ထမ်းတွေဟာ ခြင်္သေ့ကြီးနှစ်ကောင်ကို ခိုက်ရန်ဖြစ်ပွားနေရာကနေခွဲထုတ်ဖို့ အမျိုးမျိုးကျိုးစားခဲ့ပေမယ့် မိခင်ခြင်္သေ့ကြီးက ဖခင်ခြင်္သေ့ကြီး မလှုပ်နိုင်တော့ဘဲ ညိမ်ကျသွားတဲ့အထိ လည်ပင်းကိုကိုက်ထားခဲ့တာကြောင့် ခြင်္သေ့ကြီးက သေဆုံးသွားခဲ့ရပါတယ်။

အခုလိုဖြစ်ရပ်ဟာ အရမ်းကိုဖြစ်ခဲလှတဲ့ ဖြစ်ရပ်တစ်ခုဖြစ်သလို မိမိခင်ပွန်းကိုတောင် ပြန်လည်ကိုက်သတ်တဲ့ ခြင်္သေ့မကြီး ဘာကြောင့်ဒေါသတွေပြင်းထန်နေတာလဲဆိုတာတော့မသိရှိရသေးပါဘူး။

ပရိသတ်ကြီးရေ လူတွေမှာတင်မကဘဲ တိရိစ္ဆာန်တွေမှာလည်း လင်မယားအခြင်းခြင်းပြန်လည်သတ်ကြတာမျိုးရှိကြတာပဲနော်။

source -dvb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။