အရင်တစ်ခေါက်ကလည်း မုံရွာမှာလက်မှတ်ရေးထိုးပွဲလုပ်နေတုန်း အပျိုကြီးမမပိုပိုတစ်ယောက် ပရိသတ်ကောင်လေးတစ်ယောက်ရဲ့ ဖက်နမ်းခြင်းကို ခံလိုက်ရကြောင်းကို Facebook မှာ Live လွှင့်ပြီး စနောက်ပြောခဲ့တာပဲဖြစ်ပါတယ်။ အပျိုကြီးမမတစ်ယောက် အရမ် းကိုအရှက်သည်းနေပါတယ် ပရိသတ်ကြီးရေ။ ဒီတစ်ခေါက်မှာတော့ သူမက စင်ပေါ်မှာဖျော်ေ်ဖြနေစဉ်မှာပဲ ကောင်ေးလတစ်ယောက်က သူမရဲ့ပါးပြင်ထက်ကိုအနမ်းခြွေလိုက်တာပဲဖြစ်ပါတယ်။

အပျိုကြီးမမတစ်ယောက် ဘယ်လောက်တောင်ရှက်သွားသလဲဆို ရှက်ရှက်နဲ့ ပုခုံကိုရိုက်မိတဲ့အထိပါပဲ။ လက်ရှိအချိန်ထိ အောင်မြင်မှုသရဖူကို ဆောင်းနေဆဲဖြစ်တဲ့ အပျိုကြီးမမတစ်ယောက် အမိုက်စားသံစဉ်တွေနဲ့ ပရိသတ်တွေရဲ့ရင်အစုံကိုထိုးဖောက်နိုင်နေဆဲပါပဲ။ ချစ်စဖွယ်ပုံစံလေးတွေကြောင့် လည်း ပရိသတ်တွေရဲ့အချစ်တွေကို သိမ်းပိုက်ထားနိုင်တဲ့ နိုက်တင်ဂေးမလေးဖြစ်လို့နေတာပေါ့။

သူမရဲ့အရှက်သည်းသွားရတဲ့ Video လေးကို " မုံရွာသား တွေထက် မကွေးမြို့သားတွေက ပိုပြီး လက်သွက်တယ် စိတ်ဆိုးရခက် ရယ်ရခက် ကောင်ဆိုးလေး ရုတ်တရက်ကြီး ရှက်လိုက်တာ ရှက်ပြီး ရိုက်မိရိုက်ရာ ရိုက်လိုက်တာပါ ပါးကို မရိုက်ပါဘူး ပခုံးထိသွားတာပါ (သီတင် းကျွတ်ပွဲတော် ကြည့်ပြီး သူအဲ့အခန်းကို ကြိုက်လို့ အင်္ကျီဘောင်းဘီတောင် တူအောင်ဝတ်လာတာ တဲ့ ) " ဆိုပြီး ရေးသားထားတာပဲဖြစ်ပါတယ်။ အပျိုကြီး မမတစ်ယောက် ဒုတိယတစ်ခေါက်အနမ်းခံလိုက်ရပါပြီနော်။

Photo - ပိုပို

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။