လတ်တလောမှာ  Justinရဲ့ ရည်းစားဟောင်းဖြစ်သူ Selena ရဲ့ ကျန်းမာရေးကြောင့် ဝေဖန်မှုတွေ ပြည့်နှက်နေတဲ့ ကမ္ဘာကျော် အဆိုတော် Justin bieberနဲ့ Hailey baldwin ရဲ့ အိမ်ထောင်ရေးနဲ့ ပတ်သက်လို့   လက်ရှိမှာ သူတို့နှစ်ဦးကတော့ နားလည်မှုတွေနဲ့ ခိုင်မြဲနေဆဲဖြစ်ပါတယ်။ Selena စိတ်ကျန်းမာရေး မကောင်းလို့ ဆေးရုံတက်ရတဲ့ သတင်းပေါ် Justinတစ်ယောက် စိတ်မကောင်းဖြစ်ခဲ့ရပေမဲ့ လက်ရှိသူတို့ရဲ့ အိမ်ထောင်ရေးကတော့ ပျက်စီးဖို့ထိတော့ မရှိခဲ့ပါဘူး။

ကမ္ဘာကျော် စုံတွဲ ဖြစ်တဲ့ Justin Bieber နဲ့ Hailey Baldwin တို့ဟာ လွန်ခဲ့တဲ့ စက်တင်ဘာ(13) ရက်နေ့ မှာနယူးယောက်ခ်မြို့ရဲ့ တရားရုံးမှာ တရားဝင် လက်ထပ်ခွင့်လိုင်စင်( marriage licenses ) ကို လျှောက်ထားခဲ့ပြီပြီး သူတို့ရဲ့ တရားဝင် အကြင်လင်မယားဘဝကို ခံယူခဲ့တာဖြစ်ပါတယ်။ သူတို့ရဲ့ အချစ်ခရီးအနေနဲ့ လန်ဒန် နဲ့ အီတလီမြို့ တွေကို နှစ်ဦးသား အချစ်ခရီး တွေ ထွက်ခဲ့ကြသလို Justinရဲ့  အဖေဖြစ်သူ Jeremy Bieber ရဲ့ မိသားစုတွေ နဲ့ အတူ Haileyကို သူ့ရဲ့ ဇနီးတစ်ယောက်အဖြစ် မိတ်ဆက်ပေးခဲ့ပြီး မကြာသေးခင်က ဝယ်ယူခဲ့တဲ့ ကနေဒါနိုင်ငံ၊ အော်လန်ဒိုမြို့က ဒေါ်လာ(၅)သန်း တန်တဲ့အိမ်ကြီးမှာ မိသားစုဝင်အနေနဲ့ မိသားစုလိုက်အပန်းဖြေခဲ့ ကြပါတယ်။

Justinကို အစစအရာရာ နားလည်ပေးပြီး အရာရာခပ်သိမ်း ပါရမီဖြည့်ပေးနိုင်တဲ့Haileyကတော့ သူမ ဘဝတစ်ခုလုံးကို justinအတွက် မြုပ်နှံထားသူလို့ ဆိုရမှာပါ။ မကြာသေးခင်ကလည်းBazaar Magazineအတွက် Model ပုံတွေရိုက်ကူးပေးရင်း"Justin က ကျွန်မကို အရမ်းလွှမ်းမိုးနိုင်တယ်။ သူဘာလုပ်လုပ် ကျွန်မက ကြွေပြီးသား၊ ပြီးတော့ တနေ့ သူ့နဲ့ ရတဲ့ ကလေးလေးတွေရဲ့ နာမည်ကိုတောင် ကျွန်မ ကိုယ်ခန္ဓာမှာ နေရာချန်ထားတယ်" လို့ ဖွင့်ဟပြောခဲ့ပါတယ်။မကြာခင်မှာပဲ သူတို့ မင်္ဂလာပွဲလေးကို ပြုလုပ်တော့မှာ ဖြစ်သလို အသက်(21)နှစ်ရှိပြီးဖြစ်တဲ့ Hailey ကတော့  လက်ထပ်ပြီးတဲ့ အမျိုးသမီးတွေတိုင်း  အနောက်တိုင်းဓလေ့အရ သူမရဲ့ Hailey Baldwin ဆိုတဲ့ နာမည်ကနေ ခင်ပွန်းယောကျ်ားဖြစ်သူ Justin Bieberရဲ့ နောက်ဆုံး နာမည်ကို ခံယူပြီး  Hailey Bieber အဖြစ် နာမည်ကို ခံယူလိုက်ပြီဖြစ်ကြောင်း The Blast သတင်းဌာနက ဖော်ပြထားပါတယ်။ 

source:http://www.justjaredjr.com;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။