"ဟိုက်ရှားဘား" "ရှစ်ရက် ရှစ်လ ရှစ်နာရီ" စသဖြင့် ပရိသတ်တွေကြိုက်နှစ်သက်ရေပန်းစားခဲ့တဲ့ သီချင်း Mtvတွေမှာ သရုပ်ဆောင်ခဲ့တဲ့ မော်ဒယ်လ်မင်းသမီးချောလေး မာရီကိုးလ်ကို ပရိသတ်များ ရင်းနှီးမယ်ထင်ပါတယ်။ ကိုယ်ခန္ဓာအချိုးအဆစ်လှပလွန်းပြီး ပြေပြစ်တဲ့ မျက်နာကျနဲ့ သူမကတော့ နာဂတိုင်းရင်းသူလေးဖြစ်ပြီး တိုင်းရင်းသူလေးတွေရဲ့ အလှသဘာဝအတိုင်း ဖြူဝင်ကြည်လင်တဲ့ အသားအရေကို ပိုင်ဆိုင်ထားသူပါ။

သူမရဲ့ လက်ရှိ အနုပညာ လှုပ်ရှားမှု အနေနဲ့ သူမဟာ"တိုကျိုမြို့က လက်ခမောင်းခတ်သံ" Tvအစီအစဉ်မှာ အစီအစဉ်တင်ဆက်သူ တစ်ဦးအဖြစ် မြန်မာလက်ဝှေ့ချန်ပီယံဟောင်း ဖြစ်သူ ထွန်းထွန်းမင်းနဲ့ အတူ ပါဝင်တင်ဆက်နေခဲ့ပါတယ်။  အဆိုတော် တယောက်အဖြစ်လဲ ပြန်လည် မြင်တွေ့ရမဲ့သူမကတော့ သူမရဲ့ ကိုယ်ပိုင် အမိုက်စားသီချင်း Albumလေးကို ပရိသတ်တွေကို ချပြနိုင်အောင် စီစဉ်နေပြီဖြစ်ပါတယ်။

သူမဟာ ကျန်းမားရေးလိုက်စားသူတစ်ဦးမို့ လက်ဝှေ့ နဲ့ သူမရဲ့ လက်ရှိ ကိုယ်အလေးချိန်ကို ထပ်လျော့ဖို့ကြိုးစားပြီးအပင်ပန်းခံကာ ဇွဲရှိရှိ လက်ဝှေ့နဲ့ လေ့ကျင့်နေဖြစ်ပါတယ်။ အဆိုတော်၊မင်းသမီး ၊သရုပ်ဆောင် တစ်ယောက် အနေနဲ့ သာမက တိုင်းရင်းသားပြည်သူ အကျိုးအတွက်ပါ ပါဝင်ဆောင်ရွက်တတ်တဲ့ သူမကတော့ လက်ရှိမှာ ကယားပြည်နယ်၊ ဒီးမော့မြို့လေးကို ရောက်ရှိနေတာဖြစ်ပြီး ဒေသခံ ယကန်းတိုင်းရင်းသားတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ရိုးသားလှတဲ့ တိုင်းရင်းသားတွေနဲ့အတူ ကယန်းလူမျိုးရဲ့ ဝတ်စုံလေးကို မာရီကိုးလ်တစ်ယောက် မြတ်နိုးစွာဝတ်ဆင်ခဲ့ပြီး သူမနဲ့ တကယ်ကို လိုက်ဖက်လို့ ကြည့်ကောင်းနေပါတယ်။ နာဂ လူမျိူး တစ်ယောက်ဖြစ်ပေမဲ့လည်း ကယားပြည်နယ်မှာ ပျော်ပိုက်နေတဲ့ မာရီးကိုလ်းရဲ့ အလှနဲ့ မြင်တွေ့ရခဲတဲ့ ဒေသခံပြည်သူတွေရဲ့ ပုံရိပ်တချို့ကို ပြန်လည်မျှဝေပေးလိုက်ရပါတယ်နော်။

source: မာရီကိုးလ် နာဂ;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။