ချစ်ပရိတ်သတ်ကြီးရေ နာမည်ကြီး မိန်းကလေးအများစုရဲ့ အချစ်တော်ကြီး Beauty Blogger ချောလေးနေခြည်ဦးကိုတော့ ပရိတ်သတ်ကြီး အသဲစွဲချစ်ကြမယ်ထင်ပါတယ်။သူမရဲ့ ပွင့်ပွင့်လင်းလင်း စကားပြောဟန် သွက်သွက်လက်လက်နဲ့ အမူအရာဟန်ပန်လေးတွေကြောင့် မိန်းကလေးအများစုရဲ့ အချစ်တွေကိုပိုင်ဆိုင်ထားရတာလည်းဖြစ်ပါတယ်။ချီချီဟာ beauty blogger အဖြစ်လူသိများကျော်ကြားလာကာ နောက်ပိုင်းမှာတော့ ကြော်ငြာ ဗီဒီယိုဇာတ်ကားတွေသာမကပဲ ရုပ်ရှင်ဇာတ်ကားများရိုက်ရသည်အထိ အောင်မြင်မှုရရှိလာသူဖြစ်ပါတယ်။

သူမရဲ့ ဖက်ရှင်ဟာဆိုရင်လည်း ခေါင်းအစခြေအဆုံး အမြဲအသစ်သစ်တွေ အမိုက်စားတွေနဲ့ မရိုးနိုင်အောင်လန်းနေတာကြောင့်မိန်းကလေးအများစု အားကျ နှစ်သက်နေရသူလေးလည်းဖြစ်ပါတယ်။ခရီးတွေ ဆက်တိုက်ထွက်နေတဲ့ သူမကတော့ လတ်တလောမှာ အောက်ဖဲမလှန်ကြေး ဗီဒီယိုဇာတ်ကားရိုက်ကူးရန် ငပလီကမ်းခြေကိုရောက်ရှိနေတာဖြစ်ပါတယ်။ကမ်းခြေကသဘာဝရူ့ခင်းအလှတွေကို နောက်ခံထားကာ သူမရဲ့ ခန္ဓာအလှတွေကို ပေါ်လွင်စေတဲ့ အမိုက်စားပုံလေးတွေကို ဖော်ပြထားတာတွေ့ရပါတယ်။

ချီကတော့ ဘယ်ရောက်ရောက်သူမရဲ့ ဖက်ရှင်ပုံရိပ်တွေကို ပရိသတ်တွေကြည့်ရူ့နိုင်စေရန် Instagram နဲ့ ဖေ့ဘွတ်တို့မှာ ဖော်ပြပေးနေတာလည်းဖြစ်ပါတယ်။အသစ်ဆန်းတွေကို အမြဲတီထွင်တက်တဲ့ သူမကတော့ အမြဲကို စမတ်ကျလှပနေသူ တစ်ယောက်လည်းဖြစ်ပါတယ်။ကဲ...ချစ်ပရိသတ်ကြီးတွက် နေခြည်ဦးရဲ့ ကမ်းခြေထက်က ရင်တလှပ်လှပ်ဖြစ်သွားစေမဲ့ ပုံလေးတွေကို ကြည့်ရူ့နိုင်စေရန် မျှဝေပေးလိုက်ပါတယ်။

Source:Nay Chi Oo

Photo credit 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။